Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဆီ ရုတ်တရက်ရောက်လာပြီး စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့မယ်

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကြိုတင်ထုတ်ပြန်အသိပေးတာမျိုးမရှိသလို ကာယကံရှင် နိုလင်းဟေဇာကလည်း တစ်စုံတစ်ရာ ကြေညာတာမျိုးမရှိခဲ့ဘူး။

ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့ နိုလင်းဟေဇာကိုတွေ့ရစဉ်
ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့ နိုလင်းဟေဇာကိုတွေ့ရစဉ်

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဒီနေ့မှာ မြန်မာနိုင်ငံထံ ရုတ်တရက်ရောက်လာပြီး မနက်ဖြန် မှာ စစ်ကောင်စီခေါင်းဆောင်နဲ့နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ချက်အရ နိုလင်းဟေဇာဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်လေဆိပ်ကိုရောက်ရှိလာ တယ်လို့သိရပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကြိုတင်ထုတ်ပြန်အသိပေးတာမျိုးမရှိသလို ကာယကံရှင် နိုလင်းဟေဇာကလည်း တစ်စုံတစ်ရာ ကြေညာတာမျိုးမရှိခဲ့ဘူး။

ခရီးစဉ်ဟာလည်း ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ၁၀ လနီးပါးကြာချိန်မှ စစ်အုပ်စုဘက်က ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

NUG အစိုးရဘက်ကတော့ နိုလင်းဟေဇာရဲ့ခရီးစဉ်ဟာ အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်မပြုဖို့ အရေးကြီးပြီး အင်မတန်သတိထားရမယ့်အချိန်ဖြစ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။