Connect with us

Hi, what are you looking for?

သတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဆီ ရုတ်တရက်ရောက်လာပြီး စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့မယ်

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကြိုတင်ထုတ်ပြန်အသိပေးတာမျိုးမရှိသလို ကာယကံရှင် နိုလင်းဟေဇာကလည်း တစ်စုံတစ်ရာ ကြေညာတာမျိုးမရှိခဲ့ဘူး။

ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့ နိုလင်းဟေဇာကိုတွေ့ရစဉ်
ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့ နိုလင်းဟေဇာကိုတွေ့ရစဉ်

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဒီနေ့မှာ မြန်မာနိုင်ငံထံ ရုတ်တရက်ရောက်လာပြီး မနက်ဖြန် မှာ စစ်ကောင်စီခေါင်းဆောင်နဲ့နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ချက်အရ နိုလင်းဟေဇာဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်လေဆိပ်ကိုရောက်ရှိလာ တယ်လို့သိရပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကြိုတင်ထုတ်ပြန်အသိပေးတာမျိုးမရှိသလို ကာယကံရှင် နိုလင်းဟေဇာကလည်း တစ်စုံတစ်ရာ ကြေညာတာမျိုးမရှိခဲ့ဘူး။

ခရီးစဉ်ဟာလည်း ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ၁၀ လနီးပါးကြာချိန်မှ စစ်အုပ်စုဘက်က ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

NUG အစိုးရဘက်ကတော့ နိုလင်းဟေဇာရဲ့ခရီးစဉ်ဟာ အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်မပြုဖို့ အရေးကြီးပြီး အင်မတန်သတိထားရမယ့်အချိန်ဖြစ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။