Connect with us

Hi, what are you looking for?

သတင်း

ကုလအထူးကိုယ်စားလှယ်ထုတ်ပြန်ချက်ကို NUG အလွန်အမင်းစိတ်ပျက်

အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို အရပ်သားနေအိမ်များမီးမရှို့ရန် တောင်းဆိုမှု ပြီးပြီးချင်းတွင်ပင် စစ်တပ်က မကွေးတိုင်းရှိ အိမ်ခြေ ၆၀၀ ကျယ်ဝန်းသောရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံနေစဉ်
ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံနေစဉ်

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ကြေညာချက်ကို လွန်စွာစိတ်ပျက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်ကြေညာသည်။

တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အထူးကိုယ်စားလှယ်တွေ့ဆုံမှု သည် ကုလသမဂ္ဂနှင့်အထူးကိုယ်စားလှယ်အပေါ် ယုံကြည်ကိုးစားမှုကို လျော့ပါးစေကြောင်းလည်း NUGက ဖော်ပြသည်။

အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်တွင် ‘ကုလသမဂ္ဂ၏ထိတွေ့ဆက်ဆံမှုသည် စစ်ကောင်စီကို တရားဝင်မှုပေးအပ်ရန်မဟုတ်ကြောင်း’ ဖော်ပြမှုကို NUGက သတိပြုသိရှိသည်။

ကုလအထူးကိုယ်စားလှယ်အား ကန့်ကွက်ဆန္ဒပြနေစဉ်
ကုလအထူးကိုယ်စားလှယ်အား ကန့်ကွက်ဆန္ဒပြနေစဉ်

အထူးကိုယ်စားလှယ်က အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူ့အခွင့်အရေးများကိုလေးစားရန်၊ လိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီပေးအပ်ရန် တောင်းဆိုမှုများနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်းမပြုရန် တောင်းဆိုမှုများကို NUG က ကြိုဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် အဆိုပါထပ်တလဲလဲတောင်းဆိုမှုများနှင့်အတူ တိကျသေချာသော နောက်ဆက်တွဲ အရေးယူလုပ်ဆောင်မှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း NUG က ထုတ်ပြန်သည်။

အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို အရပ်သားနေအိမ်များမီးမရှို့ရန် တောင်းဆိုမှု ပြီးပြီးချင်းတွင်ပင် စစ်တပ်က မကွေးတိုင်းရှိ အိမ်ခြေ ၆၀၀ ကျယ်ဝန်းသောရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလအထူးကိုယ်စားလှယ်အား တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလအထူးကိုယ်စားလှယ်အား တွေ့ရစဉ်

အထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကာ အကြမ်းဖက်စစ်တပ်မှာ တရားဝင်မှုမရှိကြောင်းကို မှတ်သားထားသင့်ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုနှင့်တွေ့ဆုံမှုသည် လက်တွေ့ကျကျလုပ်ဆောင်ရန် ရည်ရွယ်ကြောင်း အထူးကိုယ်စားလှယ်က အကြောင်းပြသော်လည်း လက်တွေ့ကျကျလုပ်ဆောင်ရန်မှာ လူထုတော်လှန်ရေးကို ထောက်ခံအားပေးရေး၊ စစ်အုပ်စု၏ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လက်နက်များ ထောက်ပံ့မှု၊ နိုင်ငံရေး အကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းမှုနှင့် ပြစ်ဒဏ်ကင်းလွတ်ရေးတို့အတွက် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုအားလုံးပြသရမည်ဟု NUGက တိုက်တွန်းသည်။

အထူးကိုယ်စားလှယ်သည် မြန်မာပြည်သူလူထု ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့များနှင့် ပွင့်လင်း စွာ ဆက်ဆံရေးတိုးမြှင့်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်စင်စစ်နားထောင်ကာ လေးစားလိုက်နာရန်လိုအပ်ကြောင်း NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook