Connect with us

Hi, what are you looking for?

သတင်း

ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော

ကုလလုံခြုံရေးကောင်စီဆိုရင်လည်း မြန်မာနိုင်ငံအတွက် အဆိုပြုချက်တစ်ခုကိုပင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ SAC-M က ပြောပါသေးတယ်။

ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော
ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို တရားမဲ့သေဒဏ်စီရင်လိုက်တဲ့ လုပ်ရပ်ဟာ မင်းအောင်လှိုင်ရဲ့ ကြမ်းကြုတ်မှုတွေ ကို မည်သူမျှ သံတမန် နည်းလမ်းနဲ့ထိန်းချုပ်နိုင်မှာမဟုတ်ကြောင်း ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကသတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် ရှက်ဖွယ်ကောင်းတဲ့ တာဝန်မကျေပွန်မှုတွေကို ရပ်တန့်ကာ စစ်အာဏာရှင်ကို တိကျသေချာတဲ့အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ SAC− M က တွန်းအားပေးလိုက်ပါတယ်။

ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော
ကုလနဲ့အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ SAC-M ထုတ်ပြော

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရှက်ဖွယ်ကောင်းလောက်အောင်ပင် စစ်အာဏာရှင်ရဲ့ အလွန်ဆိုးရွားပြီး အရှိန်မြင့်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးနိုင်ခြင်းမရှိကြောင်း SAC-M က ထောက်ပြထားပါသေးတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ NUG အစိုးရ ကို တရားဝင်အသိအမှတ်ပြု ဖို့နှောင့်နှေးကြန့်ကြာနေတယ်လို့ SAC-M ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလလုံခြုံရေးကောင်စီဆိုရင်လည်း မြန်မာနိုင်ငံအတွက် အဆိုပြုချက်တစ်ခုကိုပင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ SAC-M က ပြောပါသေးတယ်။

SAC-M အနေနဲ့ NUG ကို အသိအမှတ်ပြုဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအားလုံးကို တိုက်တွန်းလိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာလည်း မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်သွင်းမယ့် ဆုံးဖြတ်ချက်ကိုချသင့်တယ်လို့အကြံပြုထားတာတွေ့ရပါတယ်။

SAC-M ကို ကုလသမဂ္ဂရေးရာကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။