သတင်း
လက်ရှိတွင်လည်း မင်းတပ် CDF ရှိရာနယ်မြေသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာ၍ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။
Hi, what are you looking for?
လက်ရှိတွင်လည်း မင်းတပ် CDF ရှိရာနယ်မြေသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာ၍ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။
နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ငဖဲမြို့နယ် ၊ ဘုံးဘောကျေးရွာ က အသက် ၁၇ နှစ်အရွယ် မိုင်နှောင်ပါလှ နဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေစင်ရဲ တို့ဟာ အောက်တိုဘာလ ၆ ရက်က ဂုတ်ကြီးရွာကိုသွားရောက်စဉ်မှာပျောက်ဆုံးသွားတာပါ။
ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်အရ ဒေါက်တာငိုင်းတမ်မောင်းအား ဒုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။
ပြည်သူလူထုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်သည့် ကာလဖြစ်၍ ပြည်သူ့တော်လှန်ရေး အရှိန်နည်းပါးစေရန် လုပ်ဆောင်ချက် မှန်သမျှ ကန့်ကွက်ကြောင်း ထန်တလန် CDFက အသိပေးသည်။
NUGသည် ကချင် KPICT (Kachin Political Interim Coordination Team)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့နှင့် ပူးပေါင်း၍ ငွေတိုက်စာချုပ်များရောင်းချနေခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။
မတရားမှုကို ခုခံတော်လှန်ရင်း မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ CDF ရဲဘော်တစ်ဦးကို မေတ္တာမပျက်ဘဲ ပေါင်းသင်းလက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့သစ္စာရှိမှုအပေါ် ပြည်သူများက ချီးကျူး ၊မုဓိတာပွားခဲ့ကြပါတယ်။
လက်တလောတွင် ချင်းပြည်နယ် အတွင်းဒေသများ၌ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ အနည်းငယ် ငြိမ်နေပြီး ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသည်ဟု ဆိုသည်။