Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည် အော်တိုတောင်ရှိ စစ်ကောင်စီစခန်း သုံးခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

စစ်ကောင်စီတပ်ထံမှ သိပ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့် ချင်းပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များအောင်ပွဲခံနေသည့် ဓာတ်ပုံမှတ်တမ်းများကိုလည်း ဖော်ပြသည်။

စစ်ကောင်စီ၏ အော်တိုတောင် တပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CIC
စစ်ကောင်စီတပ်မှ ၁၅ဦးသေ၊ သုံ့ပမ်းအချို့မိ၊ လက်နက်ခဲယမ်းများစွာရဟု CIC အသိပေး
ဟားခါး – ထန်တလန်ကြားတွင် စစ်ကောင်စီတပ်စခန်းများ မရှိတောဟုလည်း CNA ပြော

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ၏ အော်တိုတောင် တပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၂၈ရက်)တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း Chinland Information Centerက ထုတ်ပြန် သည်။

စစ်ကောင်စီတပ်ထံမှ သိပ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့် ချင်းပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များအောင်ပွဲခံနေသည့် ဓာတ်ပုံမှတ်တမ်းများကိုလည်း ဖော်ပြသည်။

ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများကို ဇူလိုင် ၂၂ရက်ကစတင်၍ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က စတင်ထိုးစစ်ဆင်ခဲ့ရာ ယင်းနေ့၌ စစ်ကောင်စီတပ်စခန်းသုံးခုကို သိမ်းရခဲ့ပြီး ယနေ့တွင် နောက်ထပ် တပ်စခန်း သုံးခု ထပ်မံသိမ်းရခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်စခန်းသုံးခုသည် ထန်တလန်မြို့ရံ ရှေ့တန်းအမာခံစခန်းဖြစ်ကြောင်း CICက ဖော်ပြသည်။

ယင်းတပ်စခန်းများသည် တပ်မ(၇၇) လက်အောက်ခံ တပ်ရင်းအထိုင်ချသည့်နေရာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်အများအပြားသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ နှစ်ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အော်တိုတောင် တပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CIC

Chinland Council ပူးပေါင်းတပ်ဖွဲ့များမှ ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ၏ ရှေ့တန်းအမာခံစခန်းများအား ၂၀၂၄ ဇူလိုင် ၂၂ ရက်မှ စတင်တိုက်ခိုက်ရာ တစ်ပတ်အတွင်းစခန်း ၆ခု သိမ်းပိုက်ရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများအပြင် သုံ့ပမ်းသုံးဦး ဖမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

အော်တိုတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းများသိမ်းပိုက်နိုင်မှု၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပမ်း ရရှိမှု အခြေအနေများကို CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက အတည်ပြုသည်။

ယခု စစ်ဆင်ရေးအောင်မြင်မှုကြောင့် ဟားခါး -ထန်တလန်ကြားတွင် စစ်ကောင်စီတပ်စခန်းများ မရှိတောဟုလည်း ၎င်းက ပြောသည်။

“စကစ တပ်ဖွဲ့ဝင်များအနေနဲ့ မိမိတို့နဲ့ အချိန်မှီ လာရောက်ပူးပေါင်း စေချင်တယ်”ဟုလည်း ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ တပ်စခန်းများကို ထိုးစစ်ဆင်ခြင်းမှာ ဟားခါးနှင့် ထန်တလန် ကို စစ်ကောင်စီ ချိတ်ဆက်မှု ဖြတ်တောက်ရန်ဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ဆင်ရေးစတင်သည့်နေ့တွင် ပြောထားသည်။

စစ်ကောင်စီ၏ အော်တိုတောင် တပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CIC

စစ်ဆင်ရေးအတွင်း ချင်းပြည်ကောင်စီပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ပြီး အရေအတွက်ကို မသိရသေးပေ။

ဟားခါး – ထန်တလန်ကြား စစ်ကောင်စီတပ်များကို CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) များ စုစုပေါင်း ချင်းပြည်ကောင်စီတပ်ဖွဲ့ ၉ဖွဲ့ အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်ကောင်စီ၏ အော်တိုတောင် တပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CIC)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။