Connect with us

Hi, what are you looking for?

သတင်း

ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မြန်မာ- အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ဂိတ်စခန်းကို အိန္ဒိယဘက်ကပိတ်

နယ်စပ်ကုန်သွယ်ရေလမ်းကြောင်းက တဆင့်မြန်မာနိုင်ငံဘက်က ကွမ်းသီးခြောက်များ တရားမဝင် ဝင်ရောက်နေခင်းကို စုံစမ်းရန်အတွက် ဇူလိုင် ၂၅ ရက်က ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ရိဒ် ခေါ်ဒါရ် မြို့ကို ချင်းကူပေါင်းတပ်များသိမ်းပြီးနောက်တွေ့ရစဥ်။ ။ဓါတ်ပုံ-Chinland Information Centre

စောနွေဦး/People’s Spring

ချင်းတော်လှန်ေရးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ရိဒ်နယ်စပ်ဂိတ်စခန်းကို အိန္ဒိယဘက်က ပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

နယ်စပ်ကုန်သွယ်ရေလမ်းကြောင်းက တဆင့်မြန်မာနိုင်ငံဘက်က ကွမ်းသီးခြောက်များ တရားမဝင် ဝင်ရောက်နေခင်းကို စုံစမ်းရန်အတွက် ဇူလိုင် ၂၅ ရက်က ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တရားမဝင်ကုန်စည်ပို့တာတွေ စစ်ဆေးဖို့ ယာယီပိတ်တာလို့ ပြောတယ်။ အခုတော့ နှစ်ဖက်လုံးကို ကုန်စည်ပို့လို့မရတော့ဘူး”ဟု ရိဒ်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်စုများဖြစ်သော CDF-Hualngoram ၊PDA ၊CDF-ထန်တလန်၊ CDF-Zaniatram တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်နေ့များတွင် ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ် ခေါ်ဒါရ် မြို့ အနီး ရှိစစ်ကောင်စီတပ် စစ်စခန်း၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကြသော ရိဒ် ခေါ်ဒါရ် မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သန်း ၁၆၀ကျော်ဖိုးကုန်သွယ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပမာဏကျဆင်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်ပြီး တရားဝင်ကုန်သွယ်မှုများရပ်ဆိုင်းနေသည်ဟုလည်း ဒေသခံများကပြောသည်။လက်ရှိတွင် ကလေးနယ်နှင့် ချင်းတောင်မှ ထွက်ကုန်များသာ အိန္ဒိယနှင့်ကုန်သွယ်နေခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

ထိုနယ်စပ်ကုန်သွယ်ရေးစခန်းတဆင့် မြန်မာဘက်က အိန္ဒိယနိုင်ငံဘက်ကို ကွမ်းသီးအပါအဝင် ကုန်စိမ်းများ အိန္ဒိယဘက်ကိုတင်ပို့နေပြီး အိန္ဒိယဘက်က မြန်မာဘက်ကို အဝတ်အထည်အပါအဝင် ဆေးဝါးနှင့် စားနပ်ရိက္ခာများတင်သွင်းနေရခြင်းဖြစ်သည်။

စစ်ကောင်စီက အိန္ဒိယကို နယ်စပ်ဂိတ်ပေါက် ပိတ်ရက် ပြော၍ အိန္ဒိယဘက်မှ ပိတ်ခြင်းဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။

အိန္ဒိယ အစိုးရ သည် ဒီမိုကရေစီ အစိုးရဟု ဆိုသော်လည်း အာဏာသိမ်း စစ်ကောင်စီကို သံတမန် ဆက်ဆံရေး ပုံမှန်ပြုလုပ်နေကာ ၊စစ်ကောင်စီကို ကူညီပေးနေသောနိုင်ငံ အနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်သည်။

( မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်

နှင့် ရိဒ် ခေါ်ဒါရ် မြို့ကို ချင်းကူပေါင်းတပ်များသိမ်းပြီးနောက်တွေ့ရစဥ်။ ။ဓါတ်ပုံ-Chinland Information Centre)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကနီနဲ့ ကောလင်းမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့ကို ဒီနေ့ ဇန်နဝါရီ၂၀ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

သတင်း

ဇန်နဝါရီ-၁၄၊၂၀၂၆။ ဟန်နွေ/People’s Spring အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO)က ဇန်နဝါရီ ၁၂ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊...

သတင်း

ကလေးမြို့ဘက်စစ်ကြောင်းထိုးလာသလို တီးတိန်မြို့ကိုလည်း လေကြောင်းက စစ်ကောင်စီ အင်အားဖြည့်

သတင်း

ချင်းတော်လှန်ရေးအင်အားစု နှစ်ခုဖြစ်သည့်ချင်းပြည်(Chinland)ကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်ကို ယနေ့ ဖေဖော်ဝါရီလ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့ရာ ကောင်စီနှစ်ခုကို ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီဟုခေါ်တွင်ရန် သဘောတူညီကြောင်း ပူးတွဲထုတ်ပြန်သည်။