Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိုးစစ်ဆင်လို့ ချင်းမြောက်ပိုင်းမှာတိုက်ပွဲစဖြစ်

ကလေးမြို့ဘက်စစ်ကြောင်းထိုးလာသလို တီးတိန်မြို့ကိုလည်း လေကြောင်းက စစ်ကောင်စီ အင်အားဖြည့်

၂၀၂၅ ၊​မေလက ၊မွှယ်ပီးရွာအနီးတပ်စွဲထားတဲ့ စစ်တပ်စခန်း​တွေကို ချင်း​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ

အောက်တိုဘာ-၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေး ပူးပေါင်းတပ်တွေ အောက်တိုဘာ ၂၉ရက်က စပြီး ကလေးမြို့နဲ့ သိုင်းငင်းမြို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာစစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ စစ်အင်အားအလုံးအရင်း နဲ့ ထပ်မံ ထိုးစစ်ဆင်လာလို့ တီးတိန်မြို့နယ် မွှယ်ပီးရွာမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကလေးမြို့ကနေ ချင်းတောင်ဘက် စစ်ကြောင်းထိုးတဲ့ စကစတွေနဲ့ တိုက်ပွဲဖြစ်ပါတယ်။ချင်းပြည်အစိုးရ တပ်ပေါ့။ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စကစ စစ်ကြောင်းလာထိုးသူတွေနဲ့တိုက်ပွဲရှိတယ်။ ကလေး-သိုင်းငင်းကြားမှာရှိတဲ့ မွှယ်ပီးရွာမှာ”လို့ ချင်းသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ အထိအခိုက်အကျအဆုံးအခြေအနေတွေမသိရသေးဘူးလို့လည်းပြောပါတယ်။ စစ်

ကောင်စီတပ်ဟာ အောက်တိုဘာ ၂၇ရက်ကစပြီး စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလာတာဖြစ်ကြောင်း ချင်းပြည်ကောင်စီကာကွယ်

ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့CDF စီးယင်းက အသိပေးထုတ်ပြန်ထားပါတယ် ။

စစ်ကောင်စီဟာ ကလေးမြို့ဘက်ကနေ မြေပြင် စစ်ကြောင်းထိုးနေသလို လေကြောင်းကလည်း တီးတိန်မြို့ကို စစ်အင်အားဖြည့်တင်းနေတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၂၆ရက်မှာ ရဟတ်ယာဉ်နဲ့ ၅ကြိမ်၊ အောက်တိုဘာ ၂၇မှာ ရဟတ်ယာဉ်နဲ့ ၅ကြိမ် တီးတိန်မြို့ကို စစ်အင်အား လက်နက်ခဲယမ်းဖြည့်

တင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက် အင်အားဖြည့်ခဲ့တာလို့ သိရကြောင်းလည်း သူက ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ မေလကလည်း ကလေးဘက်ကနေသိုင်းငင်းဘက်ကို စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးခဲ့ဖူးပေမယ့် ချင်းတော်

လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာပြီး တပ်ပြန်ဆုတ်ခဲ့ရပါတယ်။ အဲဒီတုန်းကလည်း မွှယ်ပီးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲ တလခွဲ ကျော်အကြာဇူလိုင်လဆန်းမှာ စစ်ကောင်စီတပ် ကလေးမြို့ဘက် ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပြီး အခု ထပ်မံ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

ချင်းပြည်မြောက်ပိုင်းဒေသကို စစ်တပ်က မြေပြင်၊ ဝေဟင်ကနေစစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အပေါ် ချင်းပြည်ကောင်စီ ကာကွယ်

ရေးဌာန ပြောရေးဆိုခွင့်ရှိသူနဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူတို့ဆီကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။