သတင်း ထားဝယ်မြို့တွင် စစ်ကောင်စီကင်းအဖွဲ့တိုက်ခိုက်မှု ၅ဦးသေ၊ လက်နက် ၅လက်ရဟု ရေဖြူPDF အသိပေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်လည်း YPPDFက ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 19, 2024
သတင်း ဟုမ္မလင်းနယ်မှ စစ်ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2024
သတင်း ရေဖြူအခြေစိုက် ခလရ(၂၇၃)မှတပ်သားသစ်များအပါအဝင် စစ်ကောင်စီတပ်သား ၆ဦး ဒေါနစစ်ကြောင်းထံ အလင်းဝင် တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ရာ တပ်သားတစ်ဦးသည် MA1 (၁)လက် နှင့် ကျည်များယူလာခဲ့သည်ဟု ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 19, 2024
သတင်း စစ်အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး Data for Myanmar ၏ ထုတ်ပြန်ချက်တွင် မပါသေးသည့် စက်တင်ဘာ၊ အောက်တိုဘာနှင့် ယခုနိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။ LuduNwayOoနိုဝင်ဘာ 18, 2024
သတင်း ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်း တိုက်ခိုက် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၈ရက်)နေ့လည်ပိုင်းတွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။ LuduNwayOoနိုဝင်ဘာ 18, 2024
သတင်း မြို့ခံများအိပ်ချိန် ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲ၊ လသားအရွယ်ကလေးအပါအဝင် သုံးဦးသေဆုံး ည ၁၁ နာရီ ၄၇ မိနစ်အချိန်တွင်ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်ကြား၊တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်များပေါ်သို့ စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းဟု မြို့ခံတစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 18, 2024
သတင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူခဲ့ရပြီး နှစ်ဖက်ထိခိုက်မှုအချို့ရှိကာ မြေပြင်အချက်အလက်ကိုမူ လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း ကရင်နီပြည်သို့ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေဟု KNDF ဒုစစ်ဦးစီးချုပ်ပြော ကရင်နီပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ်မာဝီက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး ၅ဦး ဒဏ်ရာရ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍လည်း နောင်ချိုမြို့နယ်တွင် အရပ်သား ထိခိုက်မှုရှိခဲ့သည်ဟု TNLAက အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း မင်းတပ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေးတိုက်နေ ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ LuduNwayOoနိုဝင်ဘာ 17, 2024