Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ထိုးစစ်နှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့အနီး ကျေးရွာများရွှေ့ပြောင်း

လွိုင်ကော်မြို့နှင့် ခြောက်မိုင်ခန့်အကွာ၊မြို့၏ အ နောက်ဘက်ခြမ်းတွင်ရှိသော ကျေးရွာများမှာ ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်)ကစ၍ ရွှေ့ပြောင်းနေရသည်ဟု ဆိုသည်။

(နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုးကိုးစံပြရွာ ထိခိုက်ပျက်စီးမှုကိုတွေ့ရစဥ်။ ဓာတ်ပုံ -JFK)
(နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုးကိုးစံပြရွာ ထိခိုက်ပျက်စီးမှုကိုတွေ့ရစဥ်။ ဓာတ်ပုံ -JFK)

ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ ထိုးစစ်နှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့အနီးရှိကျေးရွာ ၁၀ရွာထက်မနည်းရွှေ့ပြောင်းနေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ဦးဆောင်သူ ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

လွိုင်ကော်မြို့နှင့် ခြောက်မိုင်ခန့်အကွာ၊မြို့၏ အ နောက်ဘက်ခြမ်းတွင်ရှိသော ကျေးရွာများမှာ ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်)ကစ၍ ရွှေ့ပြောင်းနေရသည်ဟု ဆိုသည်။

“တပ်ပိုင်းဆိုင်ရာချင်ထိတွေ့မှုကတော့ ဘာမှ စောဒက တက်စရာမရှိဘူး။ဒါပေမယ့် စိုရိမ်စရာက လူထုတွေ၊ကျေးရွာတွေ၊စစ်ရှောင်စခန်းတွေရွှေ့သွား အောင် ဗုံးကြဲတာတွေလုပ်နေတာကိုပဲ။လူထုပါမရှောင်ဘဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ ပိုများလာလိမ့်မယ်လို့လဲ တွက်ဆထားတယ်”ဟု ဦးဗညားက ပြောသည်။

Public Service Announcement

Public Service Announcement

(နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုးကိုးစံပြရွာ ထိခိုက်ပျက်စီးမှုကိုတွေ့ရစဥ်။ ဓာတ်ပုံ -JFK)
(နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုးကိုးစံပြရွာ ထိခိုက်ပျက်စီးမှုကိုတွေ့ရစဥ်။ ဓာတ်ပုံ -JFK)

ဒေါပေါ်ကလဲ၊ဒေါဆော်လဲ၊နိုးကိုးစံပြကျေးရွာ၊ဒေါလိုရှေး၊နိုးကိုးရွာမ၊နိုးကိုးစိုက်ကွင်း၊ဆော်ခီးဒေါ၊ကယားညေးခူ၊ဒေါစဲ နှင့်ရေယို စသည့် ကျေးရွာများသည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းသို့ ရွှေ့ပြောင်းလိုက်ရကြောင်း အသိ ပေးသည်။

နိုဝင်ဘာ ၉ ရက်က နိုးကိုးစံပြကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် (၁၀)နှစ် အရွယ်ကလေးငယ်အပါအဝင် ပြည်သူလေးဦးသေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်၌ ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေများပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး လက်ရှိတွင် မိုးဗြဲ မြို့၌ နှစ်ဖက်ထိတွေ့မှု ပြင်းထန်နေသည်။

ထို့ကြောင့် မိုးဗြဲနှင့် လွိုင်ကော် လမ်းပိုင်းရှိ ပီကင်းကောခူ၊ဝါရီကောခူ၊ဆောင်ကန်းနှင့် ထီရိ ကျေးရွာတို့မှ ဒေသခံများလည်း ကြိုတင်စစ်ဘေးရှောင်နေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း စစ်ရှောင်ပြည်သူ သုံးသိန်းဝန်းကျင်ရှိကာ လွိုင်ကော်မြို့ မှ ဒေသခံပြည်သူ ၉၂,၀၀၀ကျော်နှင့် ဒီးမော့ဆိုမြို့မှ ဒေသခံပြည်သူ ၈၃,၀၀၀ကျော်ဖြင့် အများဆုံးရွှေ့ပြောင်းနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook