Connect with us

Hi, what are you looking for?

သတင်း

မစိုးရိမ်ကြဖို့ နဲ့ အတူသန်မာကြစို့ ဟု PDFအထူးတိုင်းစစ်ဌာနသတင်းစကားပါး

CDM တပ်ကြပ်ကြီးနေဝင်းအောင်ကျဆုံးရတဲ့အပေါ် ဝမ်းနည်းကြောင်း၊အာဇာနည်အဖြစ်အလေးပြုကြောင်းNUG ဝန်ကြီးချုပ်ရုံးဝန်ကြီးဖော်ပြ

စက်တင်ဘာ-၂၅၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနအတွက် မစိုးရိမ်ကြဖို့ နဲ့ အားလုံးအတူတူ သန်မာကြဖို့ အထူးတိုင်းစစ်ဌာန ကပြုလုပ်လျက်ရှိတဲ့ ၀ိုင်းချစ်မယ့် တိုင်းစစ် ကမ်ပိန်းစာမျက်နှာကနေ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့တပ်စခန်းတနေရာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော်အချို့နဲ့ CDM တပ်ကြပ်ကြီးနေဝင်းအောင် တို့ကျဆုံးခဲ့ပါတယ် ။

၀ိုင်းချစ်မယ့်တိုင်းစစ် ကမ်ပိန်း စာမျက်နှာက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေတွေကိုဖော်ပြမထားပေမဲ့ “ကျနော်တို့ကိုမစိုးရိမ်ပါနဲ့။ အဓိကလိုအပ်နေတဲ့ အရာတွေအတွက်ပဲ အင်အားတွေဖြည့်ပေးကြပါ။”လို့ စက်တင်ဘာ ၂၅ ရက်မှာထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“ကိုယ်တတ်နိုင်တဲ့ဘက်က၊ ကိုယ်ရောက်နေတဲ့နေရာကနေ တစ်ယောက်တစ်လက် ဝိုင်းဝန်းပေးကြရင်း အားတစ်ခု ဖြစ်ပေးကြပါ။

တစ်ယောက်တည်း သန်မာဖို့ မဟုတ်ဘူး။

အားလုံး အတူတူ သန်မာကြမယ်။ အတူတူရှိမယ်၊အတူတူရပ်တည်မယ်၊အတူတူသန်မာကြမယ်” လို့ လည်းဆက်လက်​ရေးသားထားပါတယ်။

အထက်ပါစာကိုအထူးတိုင်းစစ်ဌာနကွပ်ကဲ​ရေးမှူးရဲဘော်အောင်စံရှား​ရေးသား​ပေးပို့တာဖြစ်လို့ စစ်ဌာနရဲ့ “ဝိုင်းချစ်မယ်တိုင်းစစ်” ကန်ပိန်းက ဒီက​နေ့ညမှာလုပ်တဲ့စကားဝိုင်း​ဆွေး​နွေးပွဲမှာရဲ​​ဘော်​တွေက ပြောပါတယ်။အဆိုပါ စကားဝိုင်းမှာPDFတွေက အထူးတိုင်းစစ်ဌာနရဲ့ရုံးကိုဗုံးကြဲခံရတာမဟုတ်ဘဲ စစ်ဌာနရဲ့ အခြား​​နေရာတစ်ခုကို စက်တင်ဘာ ၂၄ ရက်မှာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။မနက်ပိုင်းကတည်းက အရင်​နေ့​တွေလို လက်နက်ကြီး​တွေနဲ့ပစ်ခတ်ခဲ့ပြီး တိုက်​လေယာဥ်​တွေနဲ့ အကြိမ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ရဲ​​ဘော်​တွေက​ပြောပါတယ်။

ဒါအပြင် ဗုံးကြဲခံရပြီးသတင်းဌာန တချို့က​အလျင်အမြန်ဖော်ပြခဲ့တဲ့အတွက် တည်​နေရာအတည်ပြု​ပေးသလိုဖြစ်သွားပြီး ​​နေရာ​ရွေ့​ပြောင်းတာ ၊လုံခြုံ​ရေးတာဝန်ခွဲ​ဝေ​နေတာ​တွေအတွက် အချိန်နည်းသွားခဲ့တယ်လို့လည်း ပါဝင်​ဆွေး​​နွေးခဲ့တဲ့PDF ရဲ​ဘော်​တွေက​ဆိုပါတယ် ။အ​ရေးကြီးစစ်​ရေးနဲ့ပတ်သက်တဲ့သတင်း​တွေကို​ဖော်ပြတဲ့အခါ ​တော်လှန်​ရေးရဲ​​ဘော်နဲ့ ပြည်သူ​တွေအတွက်အလျင်စလိုမ​ဖော်ပြကြဖို့လည်း အထူးတိုင်းစစ်ဌာန ကတာဝန်ရှိသူ​တွေကစကားဝိုင်းမှာ​ဆွေး​နွေးသွားပါတယ် ။စစ်တပ်က စက်တင်ဘာ မနက်ကဗုံးကြဲတဲ့အပြင် ​ည​နေ ၄ နာရီခွဲ ၊ည ၉ နာရီ​ကျော် နဲ့ ည ၁၁ နာရီ​ကျော် တို့မှာပါအဆိုပါ​​နေရာကိုဗုံးထပ်ကြဲခဲ့ပြီး တစ်​နေလုံး ဗုံးအလုံး​ရေ ၉၀ ​ကျော်ကြဲခဲ့တယ်လို့အထူးတိုင်းစစ်ဌာန ၊စစ်​ရေးအရာရှိတိုးကြီးက​ပြောပါတယ် ။

အထူးတိုင်းစစ်ဌာနဟာကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း (​တောင်ပိုင်းခရိုင်)တို့ကို​ရွေ့လျားစစ်​ရေး​ဆောင်ရွက်ရတဲ့ စစ်ဌာနဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်ကလေကြောင်းတိုက်ခိုက်ခံရတာဟာတိုင်းစစ်ဌာနရုံးမဟုတ်ဘဲ ရပ်ရွာအ​ခြေပြု​နေရာမှာဗုံးကြဲခံခဲ့ရတာဖြစ်တယ်လို့စစ်​ရေးအရာရှိတိုးကြီးက​ဆိုပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့ ​နေရာတစ်ခုလေကြောင်းတိုက်ခိုက်ခံရလို့ ရဲဘော် အချို့ကျဆုံးခဲ့ပြီး ကွပ်ကဲ​ရေးမှူးရဲ​ဘော်​အောင်စံရှားဟာ ဒဏ်ရာရခဲ့​ပေမယ့် စိုးရိမ်စရာမရှိဘူးလို့လည်းPDFတပ်မှူးတဦးကလည်းပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးခဲ့သူတွေထဲမှာ CDM တပ်ကြပ်ကြီး ဆရာကြီးနေဝင်းအောင်လည်း ပါဝင်ခဲ့ရာ အဲဒီလိုကျဆုံးမှုအတွက်မိသားစုနဲ့အတူ တော်လှန်ပြည်သူတွေနဲ့အတူ ဝမ်းနည်းပူဆွေးရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကစက်တင်ဘာ ၂၅ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

“ကျဆုံးသွားသော အာဇာနည်များနှင့်အတူတကွ နွေဦးတော်လှန်ရေး အာဇာနည်တဦးအဖြစ် အလေးပြုပါတယ်။ကျန်ရစ်သူမိသားစုအား အကောင်းဆုံး စောင့်ရှောက်သွားနိုင်ရေးစီစဉ်သွားကြရမှာဖြစ်ပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးက​ရေးသားထားပါတယ်။

အမေရိကန်စစ်တပ်မှာ ဒုဗိုလ်မှူးကြီး အဖြစ်တာဝန်ယူခဲ့ဖူးပြီး နွေဦး​တော်လှန်​ရေးကို ကူညီ​နေတဲ့ ဒေါက်တာမီမီဝင်းဘက်ကလည်း “မနေ့က ဆရာကြီး နေဝင်းအောင် ကျဆုံးမှုကို ကြားသိရတဲ့အတွက် အင်မတန်မှာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ တော်လှန်ရေးအစဦးကတည်းက CDM ပါဝင်လာခဲ့သူတစ်ဦးပြီးတဲ့အပြင် တော်လှန်ရေးဘက်တော်သားများအတွက် လေကြောင်းရန်ကာကွယ်မှုများအတွက် ပညာပေးလမ်းပြပေးခဲ့သူတစ်ဦးဖြစ်တဲ့အတွက် တာဝန်ကျေတာထက်ကို ပိုတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ကိုယ်ရွေးချယ်ထားတဲ့လမ်းကို သစ္စာမဖောက်ဘဲ အသက်ပေးပြီး ပြည်သူတွေဘက်က ပါဝင်ပေးတဲ့ ကိုနေဝင်းအောင်လို စစ်သားကောင်းတွေကို အမြဲဂုဏ်ယူနေမှာပါ။”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စစ်သားကောင်းပီသတဲ့ စစ်သားပြည်သူဘက်မှာမားမားမတ်မတ်အမြဲရှိခဲ့တဲ့စစ်သားကောင်းကိုနေဝင်းအောင်ရဲ့ နာမည်ဟာ ဘယ်တော့မှ သေဆုံးမှာမဟုတ်သလို အမြဲအမှတ်ရနေမယ်လို့လည်း ဒေါ်မီမီဝင်းဘက်က ရေးသားထားပါတယ်။

မြင့်မြတ်စွာကျဆုံးသွားတဲ့ ကိုနေဝင်းအောင် ကောင်းရာမွန်ရာ ရောက်ပေးဖို့ ဆုတောင်းပေးသလို ကိုနေဝင်းအောင်နဲ့ အတူကျဆုံးသွားတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရဲဘော်တွေအားလုံးကို အလေးပြုလိုက်ကြောင်းလည်းသူမက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးကာ လက်နက်မျိုးစုံ ၂၁လက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ဒီကနေ့ အောက်တိုဘာ ၃၀ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook