Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းအတွင်း အင်အားလိုအပ်ချက်အရဆိုကာ စစ်ကောင်စီက ပခုက္ကူမြို့တွင် အဖမ်းအဆီးကြမ်း‌နေဟု သပိတ်ကော်မတီ သတိပေး

ပခုက္ကူမြို့နယ်အတွင်း လတ်တလောအခြေအနေကို ပခုက္ကူလူထုတိုက်ပွဲကော်မတီက ယနေ့ (နိုဝင်ဘာ ၂၀ရက်)တွင် သတိပေးထားခြင်းဖြစ်သည်။

(ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

မကွေးတိုင်းအတွင်း စစ်သားအင်အားလိုအပ်ချက်အရဆိုကာ စစ်ကောင်စီက ပခုက္ကူမြို့တွင် လူငယ်များအား စစ်ဆေးဖမ်းဆီးနေ၍ အသွားအလာဂရုစိုက်ကြရန် ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတိပေးထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်အတွင်း လတ်တလောအခြေအနေကို ပခုက္ကူလူထုတိုက်ပွဲကော်မတီက ယနေ့ (နိုဝင်ဘာ ၂၀ရက်)တွင် သတိပေးထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပုခုက္ကူမြို့အဝင်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရဲများ၊ ဌာနဆိုင်ရာအဖွဲ့များနှင့်အတူ စစ်ဆေးပြီး လူငယ်အချို့ကို ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသည်ဟု မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

” အခြေအနေက အရင်ကထက်ဆိုးပါတယ်။ အဖမ်းခံရသူတွေ ရှိတယ်။ အများစုက မြို့ခံလူငယ်တွေမဟုတ်ဘူး။ အလုပ်လာလုပ်တဲ့ကလေးတွေကိုဖြစ်ပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မကွေးတိုင်းအတွင်း လက်တလောတွင် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နှင့်ထိဆက်နေသည့် မင်းဘူး၊ ပွင့်ဖြူမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိဆက်နေသည့် ယောဒသတို့၌ စစ်ရေးတင်းမာနေသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီး လူငယ်များအား အတင်းအဓမ္မဖမ်းဆီးမှုများ၊ စစ်သားစုဆောင်းမှုများပြုလုပ်နေသည်။

စစ်ကောင်စီသည် မကွေးတိုင်းအပြင် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း အတင်းအဓမ္မဖမ်းဆီးစစ်သားစုဆောင်းမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲနဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

သတင်း

မကွေးတိုင်း၊သရက်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)စည်းရိုးဖြစ်တဲ့ဆင်ကော်တပ်စခန်းကို တော်လှန် ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ကျေးရွာတစ်ရွာသိမ်းထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာန က ဒီကနေ့ (ဒီဇင်ဘာ၂၉ရက်) ထုတ်ပြန်ပါတယ်။