Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးထိမှန်၍ အရပ်သား ၂ဦးသေဆုံး

စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် စစ်ကြောင်းထိုးဝင်ရောက် စစ်ရေးလှုပ်ရှား၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ (၇၅)နှစ်အရွယ် အဘိုးအိုအပါအဝင် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNUဗဟိုက ယနေ့ (နိုဝင်ဘာ ၂၀ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၇ရက်က အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ(၃၀၇)ရွှေဝါတပ်ရင်းက မုန်းမြို့နယ် ရွာကြီးအင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရွာကြီးအင်းကျေးရွာမှ ဦးပြူးကျော် အသက်(၅၅)နှစ်နှင့် ဦးဝဲကြည် အသက်(၇၅)နှစ်တို့ သေဆုံးခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ – KNU)

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၅ရက်မှ ၁၉ရက် ၅ရက်တာအတွင်း ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး အလုံး ၈၀ကျော်ပစ်ခတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စာသင်ကျောင်းကို ပစ်မှတ်ထားပြီးလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ရွာကို စစ်ကောင်စီက နိုဝင်ဘာ ၁၉ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ နေအိမ်နှင့် ကျေးရွာဆေးပေးခန်း ပျက်စီးမှုရှိခဲ့ကြောင်း၊ ထို့ပြင် တောကြောင်ပေါက်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ပစ်ခတ်ခဲ့၍ (၁၀)နှစ်အရွယ် ကျောင်းသူ ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ – KNU)

စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် စစ်ကြောင်းထိုးဝင်ရောက် စစ်ရေးလှုပ်ရှား၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာနှင့် ရွာကြီးအင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ကျေးရွာတွင်းရှိ ဒေသခံပြည်သူလူထုများ ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ လူဦးရေ ၆ထောင်ကျော်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။