Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ ဘိုင်ဒန်ရဲ့ပုံအစား autopenပုံ ချိတ်ထားတာကို ထရမ့်က ရှီကျင့်ဖျင်ကို ပြသ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့တုန်းက ရှီဦးဆောင်တဲ့ တရုတ်အစိုးရအဖွဲ့ ရောက်ရှိလာချိန်မှာ ထရမ့်က အိမ်ဖြူတော်ထဲ လှည့်လည် ပြသခဲ့ပါတယ်။ နောက်တော့ သူက အမေရိကန် သမ္မတ အဆက်ဆက်ရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားရာ လျှောက်လမ်းနေရာဆီ ရှီကို ခေါ်ဆောင်သွားပါတယ်။

အဲဒီ ဓာတ်ပုံတွေထဲမှာ ထရမ့်မတိုင်ခင် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဘိုင်ဒန်ရဲ့ ပုံအစား autopen တစ်ခုရဲ့ ပုံကို ပြောင်းလဲ ချိတ်ဆွဲထားပါတယ်။ ထရမ့်က အဲဒီပုံကို ပြရင်း ‘ဒါက autopenလေ။ ဒါက ဘိုင်ဒန်ပေါ့’လို့ ပြောကြားခဲ့တဲ့အခါ ရှီရော၊ တခြားသူတွေပါ ရယ်မောခဲ့ကြပါတယ်။ အဲဒီ ဗီဒီယိုဟာလည်း လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။

ဓာတ်ပုံထဲက autopen ဆိုတာဟာ လူတစ်ယောက်ရဲ့ လက်မှတ်ကို မင်သား အဖိအဖော့ အတိမ်အနက်ကအစ မှတ်သားထားပြီး လက်မှတ်တွေ ရေးသားရိုက်နှိပ်ပေးနိုင်တဲ့ စက်မျိုး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်ဟာ သူ့ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးကာနီးမှာ အသက်အရွယ်ကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ကျဆင်းလာပြီး ဘာမှ မဆုံးဖြတ်နိုင်တော့ကြောင်း၊ ဒါကြောင့် အကြံပေးတွေကပဲ autopenသုံးပြီး သူ့ကိုယ်စား အမိန့်တွေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရကြောင်း ထရမ့်က အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။

အဲဒီစွပ်စွဲချက်တွေကို အခြေပြုပြီး နောက်ပိုင်းမှာတော့ သမ္မတတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ ဘိုင်ဒန်ရဲ့ ပုံအစား autopenရဲ့ ပုံကို ထရမ့်က ပြောင်းလဲ ချိတ်ဆွဲထားစေခဲ့ပါတယ်။ အခုတော့ ရှီနဲ့ တွေ့တဲ့အခါ အဲဒီလုပ်ရပ်ကို ဂုဏ်ယူဟန်နဲ့ ဓာတ်ပုံကို သေချာပြသပြီး ဘိုင်ဒန်ကို လှောင်ပြောင်သွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကဲခတ် တချို့ကတော့ ထရမ့်ဟာ ဘိုင်ဒန်ရဲ့ လက်ထက်က အမိန့်တွေကို ပယ်ဖျက်ပစ်ရာမှာ ပိုပြီး လွယ်ကူ ထိရောက်စေဖို့အတွက် autopenသုံးပြီး ဘိုင်ဒန်အစား အကြံပေးတွေကပဲ အမိန့်ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာဆိုတဲ့ စွပ်စွဲချက်ကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook