Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားလက်နက် မစမ်းသပ်ဖို့ တောင်းဆိုမှုတွေကို မြောက်ကိုရီးယား ပယ်ချ

နျူကလီးယားလက်နက်တွေ ဖောက်ခွဲစမ်းသပ်တာမျိုး မလုပ်ဖို့ နိုင်ငံတကာ တောင်းဆိုမှု တစ်ခုကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

နျူကလီးယားလက်နက်တွေ ဖောက်ခွဲစမ်းသပ်တာမျိုး မလုပ်ဖို့ နိုင်ငံတကာ တောင်းဆိုမှု တစ်ခုကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့တုန်းက နယူးယောက်မြို့မှာ ဩစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ဂျာမနီ၊ ဂျပန်နဲ့ နယ်သာလန်တို့ ပါဝင်တဲ့ နျူကလီးယားလက်နက် စမ်းသပ်မှု ပူးပေါင်းတိုက်ဖျက်ရေး စာချုပ်ရဲ့ မိတ်ဆွေနိုင်ငံများအဖွဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာတော့ အဖွဲ့ဝင် နိုင်ငံတွေက မြောက်ကိုရီးယားရဲ့ နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်တဲ့ လုပ်ရပ် မှန်သမျှဟာ တာဝန်မဲ့ပြီး လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်အဖြစ် သတ်မှတ်သင့်ကြောင်း ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ ကြေညာချက်ကို တိုက်ရိုက် တုံ့ပြန်ခဲ့ပြီး မြောက်ကိုရီးယားအပေါ် နိုင်ငံရေးအရ ဆိုးဆိုးရွားရွား လှုံ့ဆော်ရန်စမှု တစ်ခုအဖြစ် စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခု အနေနဲ့ လုပ်သင့်တဲ့ ကိစ္စတွေကို လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနကလည်း နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ရပ်တည်မှုဟာ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွေရဲ့ မှတ်ချက်စကားကို ဖော်ပြခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားလက်နက် စမ်းသပ်မှု ပူးပေါင်းတိုက်ဖျက်ရေး စာချုပ်ဟာ ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို နျူကလီးယားလက်နက် စမ်းသပ်မှုတွေ၊ အသုံးပြု တိုက်ခိုက်မှုတွေကို တားမြစ်ဖို့ သဘောတူထားပါတယ်။ စာချုပ်ရဲ့ အန္တိမ ရည်မှန်းချက်ကတော့ နျူကလီးယား လက်နက်တွေ အပြီးတိုင် ဖျက်သိမ်းရေး ဖြစ်ပါတယ်။

နျူကလီးယားလက်နက် စမ်းသပ်မှု ပူးပေါင်းတိုက်ဖျက်ရေး စာချုပ်ရဲ့ မိတ်ဆွေနိုင်ငံများအဖွဲ့ကတော့ အဲဒီစာချုပ် အထမြောက်အောင် ဦးဆောင် တွန်းအားပေးခဲ့တဲ့ နိုင်ငံ ၆ ခု နောက်ပိုင်းမှာ စုစည်းထားတာပါ။ ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီ ၆ နိုင်ငံ အစုအဖွဲ့ဟာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ ကျင်းပတဲ့ အချိန်တွေမှာ နှစ်စဉ် တွေ့ဆုံလေ့ ရှိကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေကို ထာဝရ ထိန်းသိမ်းထားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook