သတင်း ပဒူရွာကို စစ်ကောင်စီတပ်က တစ်လအတွင်း ၁၅ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီး ပဒူကျေးရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအပြင် နွားစာအတွက်ပါ အခက်အခဲများ ရင်ဆိုင်နေရသည်ဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023
သတင်း ဖရူဆိုမြို့နယ်အနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဇွန်လ ၂၁ ရက် ည ၁၂ နာရီကျော်ခန့်က ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို လေယာဉ်ဖြင့် သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023
သတင်း ဖားကန့်ရှိ KIO ရုံးတစ်ခု စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီး၊ သေဆုံးထိခိုက်ဖမ်းဆီးခံရသူများရှိ ဒေသတွင်း ကချင်သတင်းဌာန KNG ၏ ဖော်ပြချက်တွင် အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ၁၂ဦး ထိခိုက်မှုရှိခဲ့ပြီး ယင်းအနက် သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ဖမ်းဆီးခံရသူများရှိသည်ဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023
သတင်း အမေရိကန်က ဘဏ်နှစ်ခုအပြင် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန ကိုပါဒဏ်ခတ်အရေးယူ အမေရိကန်အစိုးရက စစ်တပ်အာဏာသိမ်းမှုကြောင့် လူပုဂ္ဂိလ် ၈၀ ကျော်နဲ့ အဖွဲ့အစည်း ၃၀ ကျော်ကိုလည်း အရေးယူဒဏ်ခတ်ထားပါသေးတယ်။ LuduNwayOoဇွန် 22, 2023
သတင်း စစ်ကောင်စီရိက္ခာတင်ယာဉ်တန်း ကျောက်ထုနှင့် မင်းတပ်မြို့ဘက်သို့ ဦးတည်လာနေ၍ လမ်းတလျောက် ဒေသခံများ သတိရှိကြရန် CDF သတိပေး မင်းတပ်မြို့ စံမင်းသီရိကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် CDF တို့ ဇွန်လ ၁၈ရက် ညကတစ်ကြိမ်၊ဇွန်လ ၁၉ရက်တွင် မင်းတပ်မြို့ ထွေအုပ်ရုံးအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။ LuduNwayOoဇွန် 21, 2023
သတင်း ပုလောမြို့နယ်တွင် KNU၊ PDF ပူးပေါင်းတပ်များ လမ်းပိုင်းစစ်ဆေးရေးလုပ်နေစဥ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ် ယမန်နေ့(ဇွန် ၂၀)နေ့လယ် ၁၂ နာရီခွဲခန့်က ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာအနီး ဂိတ်ချစစ်ဆေးနေသော KNU၊ PDF ပူးပေါင်းတပ်များကို စစ်ကောင်စီတပ်မှ ပျူစောထီးအပါအဝင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ရင်း(၁)က ပြောသည်။ LuduNwayOoဇွန် 21, 2023
သတင်း ထားဝယ်-ထီးခီးလမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေ၊ PDF ရဲဘော်နှစ်ဦးကျဆုံး ဇွန် ၁၇ ရက် နေ့လယ် ၁ နာရီခန့်က ထားဝယ်-ထီးခီးလမ်းအတိုင်းနယ်မြေရှင်းလင်းရေးရောက်ရှိလာသည့် အစ်အား ၁၅၀ ခန့်ပါ စစ်တပ်ယာဥ်တန်းကို သင်္ကန်းတုန်ရွာအနီးတွင် ထား ဝယ်ခရိုင် PDF တပ် ရင်း(၁)မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။ LuduNwayOoဇွန် 20, 2023
သတင်း မြင်းခြံတွင် စစ်ကောင်စီရေယာဥ် ပစ်ခတ်တိုက်ခိုက် မြင်းခြံမြို့နယ်သည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်ပါ ဖြတ်တောက်ခံထားရသည်။ LuduNwayOoဇွန် 20, 2023
သတင်း မတ္တရာမြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်ကို စနိုက်ပါဖြင့်ပစ်ခတ်၊ နှစ်ဦးသေဟုဆို မြနန္ဒာစစ်ဆင်ရေးကို ထောက်ပံ့လိုသူများအနေဖြင့် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် ၊ တယ်လီဂရန် မှ ပါဝင်နိုင်သလို Voice of Mandalay မှ တစ်ဆင့်လည်း ထောက်ပံ့ပေးနိုင်သည်။ LuduNwayOoဇွန် 20, 2023
သတင်း တနင်္သာရီမြို့နယ်တွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို စစ်ကောင်စီတပ်မှ ပစ်ခတ်သော (၁၂၀) မမ လက်နက်ကြီးကျည်များသည် ဘန်လောရွာအနီး ရေပေါ်ရွာဘုရားကုန်းသို့ကျရောက်သဖြင့် ဘုရားရင်ပြင်တော်ထိခိုက်ပျက်စီးသည့်အပြင် စေတီတော်တွင်လည်း လက်နက်ကြီးဆများ ထိမှန်ခဲ့ကြောင်း သိရသည်။ LuduNwayOoဇွန် 20, 2023