Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်၏ တိုက်ခိုက်မှုကြောင့် ဟူးကောင်းဒေသနယ်မြေအချို့ကို KIA တပ်ရင်း(၁၄) ကန့်သတ်နယ်မြေသတ်မှတ်

KIA တပ်ရင်း(၁၄) နယ်မြေအတွင်းရှိ ရှဒူးဇွပ် အခြေစိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့်KIA တို့သည် ယခင်ကလည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး တပ်စခန်းများအား အပြန်အလှန် တိုက်ခိုက်မှုများ ရှိခဲ့သည်။

(ကချင်လွတ်လပ်ရေးအဖွဲ့(KIA)မှ တပ်ဖွဲ့ဝင်အချို့အား ၂၀၁၃ အောက်တိုဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးအဖွဲ့(KIA)မှ တပ်ဖွဲ့ဝင်အချို့အား ၂၀၁၃ အောက်တိုဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ရွှေတူးဖော်ခြင်းအပါအဝင် ကန့်သတ်နယ်မြေအတွင်းရှိသူများ ဇွန်လ၂၅ရက်ကစ၍ ထွက်ခွာရန် မေတ္တာရပ်ခံ

ကချင်ပြည်နယ် တနိုင်း လီဒီုလမ်းအနီး ကချင်လွတ်လပ်ရေးအဖွဲ့(KIA)တပ်ရင်း (၁၄)နယ်မြေ ဟူးကောင်းခရိုင်အတွင်းရှိ နယ်မြေဒေသအချို့ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ယင်းနယ်မြေအတွင်းရှိနေသူများ ဇွန်လ ၂၅ရက်နောက်ဆုံးထား ထွက်ခွာရန် မေတ္တာရပ်ခံထားသည်။

ခရိုင်အမှတ်(၁၄) တပ်ရင်းနယ်မြေ ဝါရာဇွပ်တိုက်နယ် အတွင်းရှိ စံပြ၊အောင်ရာ၊ ဘန်ကောက်ကျေးရွာနှင့် ယုဇနစက်ရုံဟောင်း၏ နောက်ဘက်ခြမ်းနယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနှင့် ကိုင်းတော၊ ခေါင်းလော်ချောင်း တို့၏ နောက်ဘက်ခြမ်းနယ်မြေများကို ကန့်သတ်နယ်မြေ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ကန့်သတ်နေရာများတွင် တရားမဝင်ငါးဖမ်းခြင်း၊ တောင်ယာစိုက်ခင်း၊ လယ်ယာမြေများ လုပ်ကိုင်ခြင်း၊ အများပိုင်မြေများကို စက်ယန္တရားကြီးများနှင့် ရွှေတူးဖော်ခြင်း၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ခြင်း၊ အလုပ်အကိုင်မရှိ အကြောင်းမဲ့ လာရောက်နေထိုင်ခြင်း လုံး၀မပြုလုပ်ရန် အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ဇွန်လ၂၅ရက် နောက်ဆုံးထားပြီး ထွက်ခွာပေးရန် မေတ္တရပ်ခံကြောင်း KIA တပ်ရင်း(၁၄)က ထုတ်ပြန်ခဲ့ပြီး အသိပေးထုတ်ပြန်သည့်နေ့မှ စ၍ ကန့်သတ်နယ်မြေအတွင်း ရောက်ရှိနေသောမည်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမဆို ထိရောက် စွာအရေးယူတုန့်ပြန်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကန့်သတ်နယ်မြေများကို မလွှဲမရှောင်သာ သတ်မှတ်ရခြင်းမှာ အဆိုပါနေရာများ၌စစ်ကောင်စီ လက်အောက်ခံ ဖြစ်သည့် ရှဒူးဇွပ်မင်းဇင်သန့် ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့များမှ ပြည်သူလူထု သွားလာလုပ်ကိုင်နေသော နေရာအများစုတွင် စည်းကမ်းမဲ့ ပရမ်းပတာ မိုင်းထောင်ခြင်း၊ ဒရုန်းယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲချ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ ပျက်ဆီးဆုံးရှုံးမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ထုတ်ပြန်သည်။

“အဲဒီကြေညာချက်ကတော့ ကျနော်တို့ KIO ဗဟိုကော်မတီရဲ့ကြေညာချက်မဟုတ်ဘူး။ရှေ့တန်းက တပ်ရင်း(၁၄) ဟူးကောင်းခရိုင်ရဲ့ထုတ်ပြန် ကြေညာချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော့် အနေနဲ့ ဒီအကြောင်းနဲ့ပတ်သက်လို့ တခြားမှတ်ချက်ပေးဖို့ အတည်ပြုပေးဖို့ မလုပ်နိုင်ပါဘူး။သူတို့ကိုပဲ မေးမြန်းရင်တော့ ပိုပြီးမှ အဆင်ပြေသွားမှာပါ”ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နဘားဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍အရပ်သား ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံက ပြောသည်။

“ဒီမှာ တိုက်ပွဲမဖြစ်တာကြာပြီ။ မေလတုန်းကတော့ မော်တိတ်ဘက်ရယ် နဘား နားမကျိုင်းတို့ကမ်းနီတို့ဘက်မှာလည်းဖြစ်တယ်။ ဖြစ်တော့ သူတို့ဘက်က အထိနာတာတွေရှိတယ် အရင်တုန်းကပေါ့” ဟု အင်းတော် ဒေသခံက ပြောသည်။

နဘားရွာမှ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း “နဘားလမ်းဆုံမှာက ထမင်းဆိုင်တွေအများကြီးရှိတယ်။ အင်းတော်မှာက မနက် ၆ ၊ ည ၆ ဆို အင်းတော်ဂိတ်က ပိတ်တယ်။ ပိတ်တော့ ခရီးသွားတွေ၊ ခရီးသွားကားတွေ တော်တော်များများက နဘားလမ်းဆုံမှာ ညအိပ်ကြတာပေါ့။ အဲဒီ နဘားမှာ ညအိပ်တော့ သူတို့ဘက်က လက်နက်ကြီးတွေပစ်ပြီဆို ခရီးသည်တွေ ကြောက်ကြောက်လန့်လန့်ဖြစ်ရတယ်။”က ပြောသည်။

KIA တပ်ရင်း(၁၄) နယ်မြေအတွင်းရှိ ရှဒူးဇွပ် အခြေစိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့်KIA တို့သည် ယခင်ကလည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး တပ်စခန်းများအား အပြန်အလှန် တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်အခြေစိုက် မင်းဇင်သန့် ပြည်သူစစ်ကလည်း ၎င်းတို့အား KIAက လာတိုက်မည်စိုး၍ ဒေသတွင်း၌ မိုင်းထောင်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများ၊ ကချင်လူမျိုး နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရမှု အချို့ရှိခဲ့သည်ဟု ကချင်ဒေသ သတင်းရင်းမြစ် အချို့က အသိပေးသည်။

ရှဒူးဇွပ်ဒေသ ရွှေမှော်များအပါအဝင် ယင်းဒေသရှိ လုပ်ငန်းများကို မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က ငွေကြေးများ ကောက်ခံလျက်ရှိရာ ယင်းပြည်သူ့စစ်နယ်မြေရှိ ရွှေမှော်များအား ယခုနှစ် ဇန်နဝါရီ ၁၄ရက် နောက်ဆုံးထား၍ ပိတ်သိမ်းရန် ၊ လုပ်ငန်းရှင်များနှင့် ဧည်သည်များဒေသတွင်းမှ ထွက်ခွာရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)က အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ထို့စဉ်ကလည်း မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က ဒေသတွင်းရှိလမ်းများကို ပိတ်ထားခဲ့သည်ဟု ဒေသခံက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။