Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင်တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ

အရပ်သားထိခိုက်မှုနှင့် ဒေသတွင်း စစ်ရေးအခြေအနေများမေးမြန်းရန် အင်းတော် PDF ရဲဘော် အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

(ပြီးခဲ့သည့်မေလ ၂၃ရက်က စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ပျက်စီးသွားသော ရွာသာယာဘုန်းကြီးကျောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - IR)
(ပြီးခဲ့သည့်မေလ ၂၃ရက်က စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ပျက်စီးသွားသော ရွာသာယာဘုန်းကြီးကျောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - IR)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ အရပ်သားထိခိုက်မှုရှိခဲ့ကြောင်း Indaw Revolution က အသိပေးထုတ်ပြန်သည်။

ဇွန်လ ၂၁ရက်နှင့် ၂၂ရက်က အင်းတော်နယ် လက်နက်ကြီးကုန်းမှ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ (ဇွန်လ ၂၂ရက်)က အင်းတော်မြို့နယ် နဘားရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကမ်းနီရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်အတွင်းရှိနေသည့် အမျိုးသမီးတစ်ဦး နှင့် ၎င်း၏ (၅)နှစ်အရွယ် ကလေးငယ်တို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၁ရက်ညနေပိုင်းကလည်း နဘားကျေးရွာဘက်သို့ ပင်လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရ၍ နဘားလမ်းဆုံအနီး စော်မော်ချောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပင်ဝယ်ရွာမှ သုံးဘီးမောင်းသူအသက်၄၀ကျော် အရွယ်အမျိုးသား ဝမ်းဗိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အရပ်သားထိခိုက်မှုနှင့် ဒေသတွင်း စစ်ရေးအခြေအနေများမေးမြန်းရန် အင်းတော် PDF ရဲဘော် အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

အင်းတော်မြို့နယ်တွင် မေလကုန်ပိုင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ သက်ကြီးရွယ်အို အဖွားအို တစ်ဦးအသက်ဆုံးရှုံးရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။

အဆိုပါဒေသတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ ကျောင်းသားတပ်မတော်(ABSDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ လှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။