Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့အနောက်ခြမ်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

အာဏာသိမ်းပြီးနောက်ပိုင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ရှိခဲ့သည်။

(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့အနောက်ခြမ်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်း ရင်းမြစ်များက ပြောသည်။

ယနေ့(ဇွန်လ ၂၃ရက်) နံနက် ၄နာရီခန့်တွင် စစ်ကောင်စီက ကျေးရွာနှစ်ရွာကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“ဒိုရောက်အောက်ရွာနဲ့ ထေးခိုရွာကို ဗုံးကြဲသွားတာ။ ထေးခိုရွာက ဒေသခံအမျိုးသားတစ်ဦး​သေသွားတယ်။နှစ်ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ ကနဦးသိရတယ်”ဟု ကရင်နီစစ်ရှောင်အရေးကူညီပေးနေသူက လူထုနွေဦးသို့ ရှင်းပြသည်။

ထို့အတူ နေအိမ်သုံးလုံး အလုံးစုံပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇွန်လ ၂၁ရက် ည ၁၂ နာရီကျော်ကလည်း ဖရူဆိုအနောက်ခြမ်းရှိ လီခူပရားကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ခြောက်လုံး ပျက်စီးခဲ့ရသည်။

(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အာဏာသိမ်းပြီးနောက်ပိုင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ရှိခဲ့သည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် မေလကုန်ပိုင်း ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာခဲ့ပြီး (၂)နှစ်အတွင်း လက်နက်ကြီးဖြင့်လေကြောင်းတိုက်ခိုက်မှုတို့အပြင် တရားမဲ့သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၅၂ဦး သေဆုံးခဲ့ရပြီး ၁၆၂ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကိုအရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မြောင်မြို့‌ပေါ် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေး

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။