သတင်း IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ဝန်ထမ်း ၁ဦးကို စစ်တပ်က မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ် ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဩဂုတ် 24, 2026
သတင်း လက်ပံတန်းက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooဩဂုတ် 23, 2026
သတင်း RCSS နဲ့ စစ်တပ် မိုင်းပျဉ်းမှာတိုက်ပွဲစဖြစ် စစ်သား ၆ဦးသေဆုံး ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 23, 2026
သတင်း ငပလီမြို့ကို စစ်တပ်က ညအချိန် လေယာဉ် ၁၀စီးနဲ့ ဗုံး ၁၀၀ ခန့် ကြဲ ၊စစ်ရှောင် ၁ဦးသေပြီး ၁၄ဦး ဒဏ်ရာရဟု AA ထုတ်ပြန် ဂွမြို့နယ်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၈ဦးထက်မနည်း ဒဏ်ရာရ ludunwayooဩဂုတ် 23, 2026
သတင်း ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၁ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 23, 2026
သတင်း စစ်တပ်နဲ့ ရုရှား ဆက်ဆံရေးတည်ဆောက်ပေးသူတွေနဲ့ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ဖို့ JFM တိုက်တွန်း နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။ ludunwayooဩဂုတ် 23, 2026
သတင်း ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းတရားစခန်း စစ်တပ် ဗုံးကြဲမှု သေဆုံးသူ ၂၀ကျော်လာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ludunwayooဩဂုတ် 22, 2026
သတင်း ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦးသေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 22, 2026
သတင်း လောင်းလုံးမှာစစ်တပ်ရဲ့လက်နက်ကြီးကြောင့်သားအဖနှစ်ဦးဆုံးပါး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ ludunwayooဩဂုတ် 22, 2026
သတင်း ဥပုဒ်နေ့မှာသံတွဲနဲ့ ဂွမြို့နယ်ကိုလည်းစစ်တပ် ဗုံးကြဲ၊ စစ်ရှောင်အပါအဝင်လေးဦး ဒဏ်ရာရ အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၂၁ ရက်(ဝါတွင်းဥပုဒ်နေ့) မနက်အစောပိုင်းမှာ ရခိုင်ပြည်နယ် ၊ဂွမြို့နယ် ညောင်ချောင်းကျေးရွာ နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့တာကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ludunwayooဩဂုတ် 22, 2026