Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်-အင်းတော်လမ်းပိုင်း စစ်တပ် ထိုးစစ်ဆင်လာ၊ ထီးချိုင့်မြို့တွင်း အင်အားပို့

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ-၅၊၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၅ရက် ဒီကနေ့ ညနေပိုင်းက ထီးချိုင့်မြို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တံဆိပ်ပါ ကား ၁၁စီး ထီးချိုမြင့်မြို့တွင်းကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းတော်မြို့ဘက်ကနေလည်း စစ်တပ် စစ်ကြောင်းထိုးလာပြီး လက်ရှိစစ်တပ်က ဆည်ရွာကို ရောက်လာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ယခင်က အင်းတော်မြို့နယ်ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၁၁)တပ်ရင်းလည်း ထီးချိုင့်မြို့တွင်းမှာရှိ နေတယ်လို့ သိရပါတယ်။

စက်တင်ဘာနောက်ဆုံးပတ်ကလည်း ထီးချိုင့် -ကသာလမ်းပိုင်းက ကျောက်မှော်ရွာကို ခမရ(၁၁၁)တပ်ရင်းက စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ကဒဏ်ရာအများအပြားရပြီး တပ်ပြန်ဆုတ်သွားပါတယ်။

“ဒရုန်းနဲ့ထိတာ။စကစဘက်က အထိနာပြီး မြို့ထဲအထိပြန်ဆုတ်သွားတာ။၃ရက်လောက်နေတော့ တချို့လူနာတွေကို မန္တလေးနန်းတွင်းထဲကိုပို့ လိုက်တယ်။အရာရှိတွေရောပါတယ်လို့ သိရတယ်”လို့ တော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့ကို စစ်တပ်က၂၀၂၆ ဧပြီ ၃၀ ရက်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အင်းတော်မြို့အနီးဝန်းကျင်မှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Trending

Facebook