Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်က စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ ကျောင်းကိုစစ်တပ်ဒရုန်းနဲ့ဗုံးပြန်ကြဲ ကျောင်းသားနဲ့ဆရာမ ၈ဦးဒဏ်ရာရ

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲပြီး​နောက် သာ​ပေါင်း​လေးရွာစာသင်​ကျောင်းအပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ )

အောက်တိုဘာ-၆၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ၆ရက်နေ့၊မနက်၈နာရီကျော်ကထန်းပင်ကုန်းရွာကိုတပ်စွဲထားတဲ့ စစ်တပ်ကသာပေါင်းလေးရွာအလယ်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့​ဒေသခံ​တွေက​ပြောပါတယ်။ဒရုန်းနဲ့ ဗုံးသီးချတိုက်ဗုံးကြဲတာကြောင့် ကျောင်းသား၊ကျောင်သူ ၇ ဦးနဲ့ စစ်​ကောင်စီ ဆီမှာ အမှုထမ်း​နေတဲ့ ကျောင်းဆရာမတဦးဒဏ်ရာရခဲ့ပါတယ်။

“ဒီကျောင်းက စကစ အုပ်စိုးထားတဲ့နယ် မြေမှာပဲရှိတာ။ ကျောင်းတက်ခါနီးအချိန်ဆို တော့ကလေးတွေက ကျောင်းဝန်းထဲစုံနေတဲ့ အချိန်မှာဗုံးချတာ။ကလေးနှစ်ယောက်က တော့ဒဏ်ရာတော်တော်ပြင်းပြီးစိုးရိမ်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးသီးဟာ ကျောင်းမျက်နှာစာမှာကျခဲ့ပြီး ကျောင်း​ဆောင်​ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေကိုဆေးဝါးကုသမှုပေးနေပြီး ကျောင်းသူနှစ်ဦးဟာဒဏ်ရာစိုးရိမ်ရတယ်လို့သိရပါတယ်။

စစ်တပ်ကအရပ်သားတွေကိုဆက်တိုက် လေကြောင်းတိုက်ခိုက်နေပြီးတောင်သာ၊နွားထိုးကြီး၊မြင်းခြံနယ်တို့မှာ စစ်တပ်က ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြောင်း မိုင်းဆွဲခဲ့ရပြီးနောက် တဲကြီးရွာကို မီးဝင်ရှို့

ဆောင်းပါး

"ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏" တဲ့။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။