Hi, what are you looking for?
ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကအမည်ပြောင်းတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာတာ၊တော်လှန်ရေးတပ်တွေကို အကြမ်းဖက်သောင်းကျန်းသူတွေလို့သမုဒ်ပြီးရက် ၉၀ အတွင်းချုပ်ငြိမ်အောင်လုပ်မယ်ပြောတာ ၊ရွေးကောက်ပွဲလုပ် ထွက်ပေါက်ရှာဖို့ပြင်ဆင်နေတာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ဘယ်လိုတုံ့ပြန်မလဲ ၊စစ်အုပ်စုကို အလဲထိုးနိုင်ဖို့ ဘာကအရေးကြီဆုံးလဲဆိုတာတွေကို တော်လှန်ရေးအဖွဲ့တွေကို People's Sprng ကမေးမြန်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့ကဖော်ပြခဲ့ပြီးနောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။
ဟန်နွေ/People’s Spring ချင်းအမျိုးသားတပ်ဦး(CNF/CNA) အနေဖြင့် အခြားနိုင်ငံများ၏ နိုင်ငံရေး အချုပ်အခြာတွင် ပါဝင်ပေါင်းစည်းရန် မူဝါဒ မရှိကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားလိုက်သည်။ အိန္ဒိယ နိုင်ငံအမတ်အချို့ ချင်းပြည်နယ်ကို အိန္ဒိယနှင့် ပူးပေါင်းရန် ပြောဆိုမှု၊ ကဘော်ချိုင့်ဝှမ်းကို မဏိပူရ ပြည်နယ်အတွက် ပြန်ရယူပေးရန်...