Connect with us

Hi, what are you looking for?

သတင်း

အခြားနိုင်ငံနှင့်ပေါင်းစည်းရန်မူဝါဒမရှိ၊အာဏာရှင်ကိုချေမှုန်းပြီးဖက်ဒရေပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုက်ပွဲဝင်နေခြင်းဟု CNF အသိ​ပေး

မီဇိုရမ်ပြည်နယ် ကိုယ်စားပြု အိန္ဒိယနိုင်ငအထက်လွှတ်တော်အမတ် CNF ရုံးချုပ်သို့​ရောက်ရှိစဥ်

ဟန်နွေ/People’s Spring

ချင်းအမျိုးသားတပ်ဦး(CNF/CNA) အနေဖြင့် အခြားနိုင်ငံများ၏ နိုင်ငံရေး အချုပ်အခြာတွင် ပါဝင်ပေါင်းစည်းရန် မူဝါဒ မရှိကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားလိုက်သည်။

အိန္ဒိယ နိုင်ငံအမတ်အချို့ ချင်းပြည်နယ်ကို အိန္ဒိယနှင့် ပူးပေါင်းရန် ပြောဆိုမှု၊ ကဘော်ချိုင့်ဝှမ်းကို မဏိပူရ ပြည်နယ်အတွက် ပြန်ရယူပေးရန် အိန္ဒိယ အစိုးရကို တောင်းဆိုမှု တို့နှင့်ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက တုန့်ပြန် ​ပြောကြားခြင်းဖြစ်သည်။ CNFနှင့် ဒေသကာကွယ်ရေးတပ်(CDF)များသည် ချင်းပြည်ကောင်စီကို ဖွဲ့စည်းကာစစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ တခြားနိုင်ငံရဲ့ နိုင်ငံရေး အချုပ်အချာထဲ ပါဝင်ပေါင်းစည်းဖို့ ဆိုတဲ့ပေါ်လစီတွေ မရှိဘူး၊ အာဏာရှင်မှန်သမျှ အပြီးချေမှုန်းပြီး ဖက်ဒရေ ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပဲ တိုက်ပွဲဝင်နေတာပါ” ဟု ဆလိုင်းထက်နီက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ချင်းတိုင်းရင်းသားအများစုနေထိုင်သည့် မြန်မာနိုင်ငံ စစ်ကိုင်း-ချင်းအစပ်ရှိ ကဘော်ချိုင့်ဝှမ်း ဒေသကို ပြန်လည် သိမ်းသွင်းယူပြီး မဏိပူရ ပြည်နယ် ပိုင်နက်တွင် ထည့်သွင်းပေးရန် အန္ဒိယအစိုးရအားတိုက်တွန်း​သောအဆိုကို မတ်လ ၁၀ ရက်နေ့ကကျင်းပသည့်အိန္ဒိယ လွှတ်တော်၌ ရက်ဂျ်ယာဆာဘာ ပါတီအမတ် လီရှမ်ဘာ ဆာနာဂျိုဘာက အဆိုပြုခဲ့သည်။

ထိုသို့​ပြောဆိုမှုများ​ပေါ်​ပေါက်လာခြင်းအ​ပေါ်မှတ်ချက်ပြု သုံးသပ်ပေးရန် မေးမြန်းရာ ဆလိုင်းထက်နီက “အကြမ်းဖက်စကစ ရဲ့ စစ်ရေး နိုင်ငံရေး ဖက်ပေါင်းစုံ ဆုတ်ယုတ်ကြောင်း ကျနော်တို့ဖက်က စစ်ရေး နိုင်ငံရေး ရပ်တည်ချက် ပိုမို အားကောင်းကြောင်း သက်သေပါ”ဟုပြောသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းရန် မီဇိုရမ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဖိတ်ခေါ်ခဲ့​ကြောင်းသတင်းများထွက်​ပေါ်ခဲ့သည်။ CNF ဌာနချုပ် တည်ရှိရာ ချင်းပြည်ကောင်စီ ရုံးစိုက်ရာ ချင်းလုံမြို့(မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်ကောင်စီ သတ်မှတ်ထားသည့် မြို့)သို့ မီဇိုရမ်ပြည်နယ် ကိုယ်စားပြု အိန္ဒိယနိုင်ငံ အထက်လွှတ်တော်အမတ် လာရောက်စဉ် ထိုသို့ ပြောဆိုမှု ရှိခဲ့သည်ဟု ဆလိုင်းထက်နီက အတည်ပြုသည်။

“ဟုတ်ပါတယ်။ CNF ဌာနချုပ်ကိုလာတဲ့အထက်လွှတ်တော် အမတ် ကတော့ တရားဝင် ပြောဆိုတာမျိုးမဟုတ်ပေမဲ့သွေးရင်းတွေသုံးနိုင်ငံမှာ ပြန့်ကျဲနေထိုင်တာ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ကောင်းဖို့တွေ အားပေးတာမျိုးရေ၊ နွေဦးတော်လှန်ရေးကာလ ချင်းအရေးကို ဗဟိုအစိုးရမှာ မိမိတို့အတွက် ရပ်တည်ပေးမှုတွေ ဆွေးနွေးတဲ့အဆင့်ပါ” ဟု ဆလိုင်းထက်နီက ရှင်းပြသည်။

CNF ပါဝင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်အနေဖြင့် လက်ရှိတွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသကဲ့သို့ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစု တစ်ခုဖြစ်သော ကြာကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ချင်းညီနောင် တို့နှင့် ပေါင်းစည်းရေးအတွက်လည်း ဆွေးနွေး​နေသည်။

ချင်းပြည်ကောင်စီနှင့် ICNCC/ချင်းညီနောင် တို့အနေဖြင့် ပေါင်းစည်းရေး ကြိုးပမ်းလျက်ရှိရာ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ကောင်စီနှစ်ရပ်ကို ချင်းအမျိုးသားကောင်စီအဖြစ် ကောင်စီတစ်ရပ်တည်း ပူးပေါင်းရန် သဘောတူညီခဲ့ကြောင်းပူတွဲထုတ်ပြန်ကြေညာထားသည်။

ချင်းညီနောင်သည် မင်းတပ်၊ မတူပီ၊ကန်ပက်လက်၊ ကျင်ဒွေးမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသကဲ့သို့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည်လည်း တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါ အပါအဝင် မြို့ ၇မြို့နှင့် တပ်စခန်းများ သိမ်းပိုက်ထားသည်။ထို့ပြင် ချင်းညီနောင်က ဖလမ်းမြို့သိမ်း စစ်ဆင်ရေး ဆက်နွှဲနေသကဲ့သို့ ချင်းပြည်ကောင်စီကလည်းထန်တလန်မြို့သိမ်း စစ်ဆင်ရေး ဆင်နွှဲလျက်ရှိသည်။

“ဒီနှစ်ကတော့ ချင်းပြည်အတွင်း စကစ ကင်းစင်ရေးပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်အလားတူ ချင်းညီနောင်တာဝန်ရှိသူများကလည်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းယခင်ကပြောကြားထားသည်။

ချင်းပြည်နယ်တွင် ​တော်လှန်​ရေးတပ်များကရိဒ်​ခေါဒါရ် ၊တွန်းဇံ ၊ ကျီခါး ၊ပလက်ဝ ၊ လိုင်းလဲန်းပီ၊နှာရိန်း ၊​ဝေဘူလ ၊မတူပီ ၊ မင်းတပ် ၊​ရေဇွာ ၊ဆူရ်ခွား ၊ကျင်​ဒွေး ၊မကွိးအိမ်နူး စ​သောမြို့များသိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။