Connect with us

Hi, what are you looking for?

သတင်း

တနိုင်ငံလုံးချိတ်ဆက်ပြီး စစ်ကောင်စီအားတိုက်ခိုက်မှုမှာ စစ်အောင်နိုင်ရေးအခရာကျဟု CNF ပြော

အာဏာသိမ်းစစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရာတွင် တနိုင်ငံလုံး ချိတ်ဆက် တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရာတွင် တနိုင်ငံလုံး ချိတ်ဆက် တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်အာဏာသိမ်းမှုအဆုံးသိမ်နိုင်ရေးအတွက် အထွေထွေထိုးစစ်ကြီးတစ်ရပ် ဖော်ဆောင်ရမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး CNF၏ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေကို မေးမြန်းရာ ဆလိုင်းထက်နီက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

CNF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်စုဖွဲ့ထားသည် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C တွင် ပါဝင်ကာ စစ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်နေကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

အထွေထွေထိုးစစ် ဖော်ဆောင်ရာတွင် တနိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များ ချိတ်ဆက်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရန်လိုအပ်မှု အခြေအနေကို မေးမြန်းရာ ဆလိုင်းထက်နီက “စစ်အောင်နိုင်ရေးမှာ အဲဒါ အခရာပေါ့။ အားနည်းချက် တခုကတော့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေးပြင်ဆင်မှု အဆင်သင့် ဖြစ်မှုမှာ မတူညီကြတာပါပဲ”ဟု ပြောသည်။

CNF ပါဝင်သည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ထားသလို ချင်းပြည်နယ်ရှိ မြို့ ၇မြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မတ်လ ၈ရက်က NUG ထိန်းချုပ်နယ်မြေ တနေရာ၌ပြုလုပ်သည့် PDF တပ်မှူး သင်တန်းဆင်းပွဲပေးပို့သည့် သဝဏ်လွှာတွင် စစ်အာဏာရှင် ခုခံတော်လှန်မှု အဆင့်လိုက်ဖော်ဆောင်ခဲ့မှုကို အသိပေးခဲ့သည်။

ပထမအဆင့်တွင် တပ်တည်ဆောက်ပြီး တနိုင်ငံလုံး အတိုင်းအတာ စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးပမ်းခဲ့ပြီး ဒုတိယအဆင့်၌ ထုအင်အား စုစည်း မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်း တိုက်ပွဲ အတွေ့အကြုံများ ရယူနိုင်ခဲ့ဖြစ်ဖြစ်၍ တတိယအဆင့်၌ စစ်မျက်နှာအလိုက် အင်အားထောင်သောင်းချီဖြင့် အထွေထွေထိုးစစ် ကို တနိုင်ငံလုံးအတိုင်းအတာ ဆင်နွှဲ ကြရမည်ဖြစ်သည်ဟုဝန်ကြီးက အသိပေးခဲ့သည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ် မာဝီကလည်း တနိုင်ငံလုံး လွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး ချိတ်ဆက်တိုက်ပွဲဝင်သည့် ခြေလှမ်းကို ရှေ့ဆက်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

ပဲခူးတိုင်း ရေတာရှည်အခြေစိုက် တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အီဗယ်က စစ်တပ်အာဏာသိမ်းမှု ၄နှစ်ကျော်ကာလသို့ရောက်ရှိနေပြီဖြစ်၍ စစ်အာဏာရှင် အမြစ်ပြုတ်ကျရှုံးအောင် တိုက်ခိုက်ရန်လိုအပ်လာပြီဖြစ်ကြောင်း ပြောသည်။

“လေးနှစ်ပြည့်မြောက်လို့ ၅နှစ်တာ ပမာဏဖြစ်လာတဲ့ ကျနော်တို့ ကိုယ်တိုင်ရော ကျနော်တို့ကိုထောက်ပံ့ကူညီနေရတဲ့ ပြည်သူတွေရော မြန်မာတနိုင်ငံလုံးက ပြည်သူအယောက်စီတိုင်း အယောက်စီတိုင်း အရမ်းကို ပင်ပန်းခက်ခဲကြမ်းတမ်းလာပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အချိန်ကြာလာတာနဲ့ အမျှ ခက်ခဲပင်ပန်းလာကြတော့မှာ ဖြစ်တဲ့အတွက် တက်နိုင်ရင် တက်နိုင်သမျှ မြန်မြန်ဆန်ဆန် ထိုးစစ် တော်လှန်စစ်တွေကို စွမ်းစွမ်းတမံ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်”ဟု ရဲဘော် အီဗယ်က ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။

မေးမြန်းခန်း

အာဏာသိမ်းစစ်အုပ်စုကအမည်​ပြောင်းတာ၊ ​ တော်လှန်​ရေးတပ်ဖွဲ့​တွေထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်​ရေး​ကြေညာတာ၊တော်လှန်​ရေးတပ်​တွေကို အကြမ်းဖက်​သောင်းကျန်းသူတွေလို့သမုဒ်ပြီးရက် ၉၀ အတွင်းချုပ်ငြိမ်​အောင်လုပ်မယ်​ပြောတာ ၊ရွေး​ကောက်ပွဲလုပ် ထွက်​ပေါက်ရှာဖို့ပြင်ဆင်​နေတာတဲ့ စစ်အုပ်စုကို ​တော်လှန်​ရေးတပ်​တွေ ဘယ်လိုတုံ့ပြန်မလဲ ၊စစ်​အုပ်စုကို အလဲထိုးနိုင်ဖို့ ဘာ​​​ကအ​ရေးကြီဆုံးလဲဆိုတာ​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေကို People's Sprng ကမေးမြန်းခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်​နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့က​ဖော်ပြခဲ့ပြီး​နောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။