Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ကြေညာမှု ကိုယ်တိုင်ချိုးဖောက်နေသည့် စစ်ကောင်စီလုပ်ရပ်စက်ဆုပ်စရာဟု CNF ပြော

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်ကြေညာသော်လည်း ထိုးစစ်ဆင်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် လုပ်ရပ်မှာ စက်ဆုပ်စရာကောင်းကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ တင့်ကား (၂)စီးဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်ကို ဧပြီ ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MOD

ဧပြီ ၈၊၂၀၂၅.ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်ကြေညာသော်လည်း ထိုးစစ်ဆင်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် လုပ်ရပ်မှာ စက်ဆုပ်စရာကောင်းကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်ကြေညာထားသော်လည်း CNA နှင့် ပူးပေါင်းတပ်များရှိသည့် ကလေး-ဂန့်ဂေါကြား ထိုးစစ်ဆင်နေသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ထို့ပြင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်လုပ်ရပ်သည် ပြည်သူကို အရေးမစိုက်သည့် လုပ်ရပ်ဖြစ်ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

“စကစ အကြောင်းပြတာက ကျနော်တို့ အင်အားတည်ဆောက်နေတယ်ဆိုတာ အကြောင်းပြပြီး စစ်ရေး ဆက်လုပ်နေတာ”ဟု ဆလိုင်းထက်နီက ပြောသည်။

ထိုသို့ စစ်ကောင်စီက ထိုးစစ်ဆင်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများသည် ငလျင်ဘေးဖြစ်နေချိန် အပစ်ရပ်ကြေညာထားသည့် တော်လှန်ရေးတပ်ဖွဲ့များအား အလစ်တိုက်ခိုက်ခြင်းဖြစ်နိုင်သကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မလာနိုင်အောင် ကြိုကာခြင်းလည်းဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။

“ဒါက စကစအနေနဲ့ သူတို့ အပစ်ရပ်ကြေညာတာကို သူတို့ ကိုယ်တိုင် ချိုးဖောက်တာပဲ။ ပြည်သူ့လုပ်ခြုံရေးထက် သူတို့ လုံခြုံရေးကို ပိုပြီး အရေးစိုက်တဲ့ အင်မတန် စက်ဆုပ်စရာ လုပ်ရပ်ပါပဲ။” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ဗန်းမော်၊ ဝိုင်းမော်ဘက်တွင်လည်း လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခဲ့၍ တိုက်ပွဲများရှိခဲ့ပြီး စစ်ကောင်စီက အပစ်ရပ်ကြေညာမှုကို စည်းဖောက်သည့် လုပ်ရပ်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အပါအဝင် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ စစ်ကောင်စီက ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီ၏ အပစ်ရပ်ကြေညာမှုသည် နိုင်ငံတကာ အသိအမှတ်ပြုခံရရေး အတွက်ဖြစ်ပြီး နိုင်ငံရေးစိတ်ဆန္ဒမရှိ၊ လူသားဆန်ခြင်းမရှိ၊ အပြောနှင့် အလုပ် လက်တွေ့ မကိုက်ညီသည်မှာထင်ရှားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် စဉ့်ကူး၊ ကနီ၊ သပိတ်ကျဉ်း ၊ဟုမ္မလင်း၊ ညောင်ဦးဒေသများသို့ လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်း ဖြစ်ရပ်များကို သတင်းထုတ်ပြန်ကာ စစ်ကောင်စီ၏ အပစ်ရပ်ကြေညာမှု လီဆယ်လှည့်ဖြားမှုသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။