Connect with us

Hi, what are you looking for?

သတင်း

စစ်​ရေးအကူအညီသတင်းများထွက်​ပေါ်လာပြီနောက် အိန္ဒိယအစိုးရကပင်မေးမြန်းလာ​ဟုCNF ပြောရေးဆိုခွင့်ရှိသူ ပြော

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်​နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့က​ဖော်ပြခဲ့ပြီး​နောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ။ ဓါတ်ပုံ-CNF/CNA

ဧပြီ-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်​နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့က​ဖော်ပြခဲ့ပြီး​နောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ဆလိုင်းထက်နီက ဧပြီ ၂၁ တွင်ကျင်းပသည့် CNF/CNA ၊ CDF-KKG တို့၏ က​လေး​ဒေသမှစစ်ဆင်​ရေးနှင့် ပတ်သက်၍ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အိန္ဒိယ အစိုးရက တောင် မေးလာတဲ့အနေအထားတွေရှိတယ်။ဒါပေမဲ့အဲဒီကိစ္စက ကျနော်တို့ CNF အနေနဲ့ တိုက်ရိုက်မပတ်သက်တော့ အဓိကတော့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမေရိကနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်။ အဲဒါသည် ဖြစ်နိုင်ပါတယ်လို့ပြောလို့မရသလို၊ မဖြစ်နိုင်ဘူးလို့ အတက်ပြောလို့လည်း မရပြန်ဘူး။ ဒီကိစ္စက ထဲထဲဝင်ဝင် သူတို့ နှစ်နိုင်ငံကိစ္စဖြစ်တဲ့အတွက်ကျနော့်အနေနဲ့ တရားဝင် ပြောဆိုလို့ မရသလို အဲဒါတွေကို ကျနော်အထက်လူကြီးတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာတွေ ကျနော်ကို အကြောင်းကြားတာတွေ အဲဒီလိုမျိုးမရှိသေးတော့ တရားဝင်ပြောဖို့ ခက်နေတဲ့ အနေအထားမှာ ရှိတယ် အဲဒီလောက်ပဲ ဖြေချင်ပါတယ်။” ဟု ဆလိုင်းထက်နီကပြောကြားသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယအခြေစိုက်သတင်းဌာနအငယ်တစ်ခုဖြစ်​သော Northeast News သတင်းဌာနက ဧပြီ
၁၅ ရက်​နေ့တွင် အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ် စစ်တပ်၏အကူအညီကိုယူပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်မှတပ်ရင်းသုံးရင်းမှတဆင့် ရခိုင်နှင့်ချင်းပြည်နယ်ထဲက တော်လှန်ရေးတပ်များကစစ်ကောင်စီကိုအနိုင်ယူ ဖြိုခွင်းနိုင်သည်အထိ စစ်ရေး အထောက်အပံ့ဇုန်တစ်ခု ထူထောင်ရန်ဆွေးနွေးခဲ့​ကြောင်းစတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့သို့အမေရိကန်အစိုးရ၏ ပစိဖိတ် စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဂျိုဝယ်လ်ဗောင်ဝဲလ် ရောက်ရှိခဲ့စဥ် ထိုကိစ္စကို ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ဆွေးနွေးခဲ့​​ကြောင်း Northeast News သတင်းဌာ​ရေးသားခဲ့ခြင်းဖြစ်သည်။

သို့​သော်အဆိုပါသတင်းကို အိန္ဒိယနိုင်ငံရှိယုံကြည်ရ​သော သတင်းဌာနကြီးများကမူ ​ဖော်ပြထားခြင်းမရှိ​သေး​ပေ။ ပြည်သသတင်းဌာနအနည်းငယ်ကသာ ကိုးကား၍ ပြန်လည်​ဖော်ပြမှုရှိသည်။ ထို့အပြင်အထက်ပါသတင်းသည် တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် လားရှိုးမြို့ကို MNDAAက စစ်​ကောင်စီထံပြန်​ပေးရန် စီစဥ်​နေချိန်တွင်အိန္ဒိယသတင်းဌာနက ​ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများ၏ မေးမြန်းမှုအချို့ရှိသကဲ့သို့ အိမ်နီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယအစိုးရကလည်းမေးမြန်းလာခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီကရှင်းပြသည်။

CNF အနေဖြင့် နွေဦးတော်လှန်ရေးကာလ၌ နိုင်ငံတကာ ၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုရှိကြောင်းလည်း၎င်းကဆက်ပြောသည်။

“နွေဦးတော်လှန်ရေးကာလမှာကျနော်တို့က နိုင်ငံတကာ ချိတ်ဆက်ရေးကို အတက်နိုင်ဆုံး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပြီးတော့အင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရေးအဲဒါတွေကတော့ အဲဒီလို တွေ့ဆုံမှုတွေတော့ လုပ်ပါတယ်။ အခုကိစ္စ မကလို့ ကျန်တဲ့ ကိစ္စ တွေကသော်လည်းကောင်း တွေ့ဆုံမှုတွေ ဘာတွေလုပ်နေတာတော့ရှိတာပေါ့။” ဟုဆလိုင်းထက်နီက ပြောကြားသည်။

ယခုသတင်းထွက်​နေသည့် ဘင်္ဂလားဒေ့ရှ်မှတဆင့်စစ်ရေးအကူအညီများ ပေးမည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ အထက်ကညွှန်ကြားချက်မရ၍ တရားဝင် ပြောဆို၍ မရဟုလည်းသူက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး အာရက္ခတပ်​တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံသို့လည်း People’s Spring ကဆက်သွယ်မေးမြန်း
ထားဆဲဖြစ်သည်။

ချင်းပြည်နယ်တွင် CNF/CNA ဦး​ဆောင်​သောချင်း​​ကောင်စီ တပ်ဖွဲ့များ ၊ ချင်းညီ​နောင် ၊AA စ
သည့်တော်လှန်​ရေးတပ်ဖွဲ့များက မြို့နယ် အများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပြီး ဟားခါး ၊ထန်တလန် ၊ တီးတိန် မြို့​ပေါ်တွင်သာစစ်​ကောင်စီတပ်ကျန်ရှိ​တော့သည်။ ရခိုင်ပြည်နယ်တွင်လည်း ၁၇ မြို့နယ်ရှိရာ AAက ၁၄ မြို့နယ်ကိုသိမ်းပိုက်ပြီးဖြစ်ကာ စစ်​တွေ ၊ ​ကျောက်​တော်၊ မာန်​အောင် သုံးမြို့နယ်တွင်သာစစ်​ကောင်စီတပ်ကျန်​တော့သည်။ အဆိုပါမြို့များကို ​တော်လှန်​ရေးအဖွဲ့များက ၎င်းတို့ဘာသာ ထိုးစစ်ဆင်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။