သတင်း မြဝတီမြို့တောင်ဘက်မှာတိုက်ပွဲအပြင်းအထန်ဖြစ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းမှာ ဒီကနေ့ ညဦးပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဇူလိုင် 8, 2026
သတင်း မင်းတပ်က တိုက်ပွဲမရှိတဲ့ကျေးရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူထိခိုက်မှုရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။ ludunwayooဇူလိုင် 8, 2026
သတင်း သဲကုန်းမြို့တွင်းတိုက်ပွဲမှာ စစ်သား ၅ ဦးသေ၂ ဦးဒဏ်ရာရဟု PDF ပြော ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဖွဲ့ဝင် ၅ သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PPDF)-၃၆၀၁ တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 6, 2026
သတင်း ချင်းတောင်ပိုင်း တိုက်ပွဲဆက်ပြင်းထန်၊လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိဟု ချင်းတပ်ပြော ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။ ludunwayooဇူလိုင် 6, 2026
သတင်း အင်းတော်ကြီးနဲ့ ရွှေကူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန် ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ထန်တလန်မြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေဟု CNA ပြော ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း မြန်မာဖက်က တိုက်ပွဲတွေကြောင့် ထိုင်းကနယ်စပ်ဂိတ်တွေကိုပိတ်ထား မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။ ludunwayooဇူလိုင် 4, 2026
သတင်း တမူးနဲ့ ခမ်းပါတ်မြို့ကြား တိုက်ပွဲဆက်ပြင်းထန်၊ အရပ်သားအချို့ စစ်တပ် ဖမ်းဆီးသတ်ဖြတ် စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။ ludunwayooဇူလိုင် 3, 2026
သတင်း ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတွေကို စစ်တပ် ဗုံးကြဲ၊ တိုက်ပွဲလည်း ဖြစ်နေ စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ ludunwayooဇူလိုင် 3, 2026
သတင်း စလင်းမြို့နယ်တိုက်ပွဲမှာ စစ်သား ၁ဦးကို လက်နက်နဲ့ အရှင်ဖမ်းမိ မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 3, 2026