Connect with us

Hi, what are you looking for?

All posts tagged "တိုက်ပွဲ"

သတင်း

တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် လုံး၀ပျက်စီးသွားတာမျိုးမရှိဘဲ ဆက်လက်ထွက်ခွာသွားကြောင်း KIAနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။

သတင်း

စစ်‌တွေမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်က ပေါက်တောမြို့ကို ဒီနေ့ည ၉နာရီခန့်ကစပြီး လေကြောင်းက‌နေ ဗုံး ၈လုံးကြဲချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)ရှ်ိတဲ့ပန်းတောင်းမြို့နယ်၊မသုန်ရွာအနီးနဲ့ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်သားတွေ အများအပြားထွက်ပြေးနေသလို သုံ့ပန်းတွေလည်းဖမ်းဆီးရမိထားတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မတ်လ ၅ရက်က တိုက်ပွဲအတွင်းမှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ တပ်ရင်း(၁)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစတင်တဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုတွေရှိလာသလို မပေါက်ကွဲ​သေးတဲ့မိုင်းတွေရဲ့အန္တရာယ်ကိုလည်း ဒေသခံတွေက သတိပေးနေကြပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ဒီကနေ့ မတ်လ ၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေသလို ဒီကနေ့ မတ်လ ၄ရက် မနက်ပိုင်းမှာ စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲ​တွေဆက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဓာတုဗုံးအသုံးပြုတိုက်ခိုက်​နေပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။

သတင်း

ပုလဲမြို့နယ်မှာPDF နဲ့ ပကဖပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်စစ်ကြောင်း​တွေကိုကြားဖြတ်တိုက်ခိုက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကဂျက်ဖိုက်တာနဲ့ရောပါရာမော်တာနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။

Facebook