သတင်း နတ်ရေကန်ဗျူဟာအနီး နဲ့ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေ မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်း နဲ့ ပဲခူးတိုင်းထဲက တောင်ကုတ်- ပန်းတောင်းကားလမ်းပေါ်က လေသာတောင်စခန်း ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး AAနဲ့ ပူးပေါင်းတပ်တွေကစစ်သုံ့ပန်းအများအပြားကို ဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ ludunwayooအောက်တိုဘာ 8, 2025
သတင်း ကျောက်မဲတိုက်ပွဲ ပြင်းထန်နေပြီး မြို့ပေါ်ဌာနဆိုင်ရာရုံးတချို့ မီးလောင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွေဟာ မြို့နဲ့ပိုနီးလာပြီး ပြင်းထန်နေသလို မြို့ပေါ်က ဌာနဆိုင်ရာအဆောက်အအုံတချို့မီးလောင်နေတယ်လို့ သိရပါတယ်။ ludunwayooအောက်တိုဘာ 1, 2025
သတင်း ပလမြို့အနီး တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ်တွေ မီးရှို့ပြီး ပြည်သူတချို့ ဖမ်းဆီး တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က နေအိမ်တွေ မီးရှို့ကာ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။ ludunwayooအောက်တိုဘာ 1, 2025
သတင်း ချောင်းမရွာတိုက်ပွဲက ထွက်ပြေးတဲ့ စစ်သား ၃ဦးဖမ်းမိပြီး ၃ ဦးသေဆုံး ကနီမြို့နယ်၊ချောင်းမရွာတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်တာမှာ ၃ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ယင်းမာပင်မြို့နယ်ပကဖ -ULF စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 1, 2025
သတင်း ပုသိမ်ကြီးမြို့နယ်မှာတိုက်ပွဲဖြစ်လို့ စစ်ရှောင်တဲ့ ပြည်သူ၁၅၀လောက်ကို စစ်တပ်ဖမ်းဆီး မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၅၀လောက်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ အဲဒီမြို့ဒေသခံတွေက ပြောပါတယ်။ ludunwayooအောက်တိုဘာ 1, 2025
သတင်း ကျောက်မဲမြို့အနီးတိုက်ပွဲဆက်ပြင်းထန်၊မြေမြုပ်မိုင်းကြောင့် အရပ်သားနှစ်ဦး သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 1, 2025
သတင်း ဗန်းမောက်မြို့အနီး တိုက်ပွဲဆက်ဖြစ် ရှမ်းနီတပ်SNA တပ်သားနှစ်ဦးအရှင်ဖမ်းမိပြီး ရုပ်အလောင်းသုံးလောင်းနဲ့ လက်နက်တွေသိမ်းရ ludunwayooစက်တင်ဘာ 27, 2025
သတင်း ဗန်းမော်မြို့ စစ်ကောင်စီတပ်ထိုးစစ် ၄ရက်မြောက်နေ့ တိုက်ပွဲပြင်းထန်နေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဗန်းမော်မြို့တွင်းနေရာတွေကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ် နိုင်ဖို့ ဒီကနေ့ စက်တင်ဘာ ၂၇ရက်မှာ ထိုးစစ် ၄ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooစက်တင်ဘာ 27, 2025
သတင်း လေးကေ့ကော်မြို့သစ်တိုက်ပွဲကလက်နက်ကြီးကျည် ထိုင်းဘက်ကျ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာတိုက်ပွဲ အပြင်းအထန်ဖြစ်နေတာမှာ စက်တင်ဘာ ၂၄ ရက်နေ့က ထိုင်းဘက်ကိုလက်နက်ကြီးကျည်ကျခဲ့ပါတယ် ။ ludunwayooစက်တင်ဘာ 26, 2025
သတင်း လေးကေ့ကော်မြို့သစ်တိုက်ပွဲ စစ်တပ်သေဆုံးဒဏ်ရာရသူများ ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 25, 2025