သတင်း
နိုင်ငံတကာ ပါလီမန်များ အဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရပ်တည်ချက်များ၊ ရည်မှန်းချက်များနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။





















































