Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကို အရေးယူမှုတိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာကို ကုလကျွမ်းကျင်သူ တောင်းဆို

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

(ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ရှင်းလင်းပြောကြားနေတဲ့ မစ္စတာတွမ်အန်ဒရူးစ်ကို တွေ့ရစဥ်။ ဓာတ်ပုံ - UN Geneva)

ဧပြီ-၂၉၊ ၂၀၂၆။ သော်မွန်/People’s Spring

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ဟာ ဆယ်စုနှစ်များစွာကြာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတာက မြန်မာနိုင်ငံကို လူ့အခွင့်အရေးကပ်ဘေးဆိုက်စေခဲ့တာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ဖို့နဲ့ အကြမ်းဖက်မှုသံသရာကို ချိုးဖျက်ဖို့ အထက်ကုလသမဂ္ဂကျွမ်းကျင်သူက တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေအထူးအစီရင်ခံစာတင်သွင်းသူဟောင်း မစ္စတာတွမ်အန်ဒရူးဟာ ‘ပြစ်ဒဏ်ကင်းလွတ်ခွင့်မှသည် တရားမျှတဆီသို့’ အမည်ရ မြန်မာနိုင်ငံဆိုင်ရာ သူ့တာဝန်နောက်ဆုံးအစီရင်ခံစာကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

“ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ဆိုရင် မြန်မာပြည်သူတွေကို တိုက်ခိုက်နှိပ်စက်နေတဲ့ စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေကို ဖြိုဖျက်ဖို့ လိုအပ်ရုံတင်မကဘဲ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း ထိရောက်စွာ အရေးယူဖို့ လိုအပ်ပါတယ်။ တရားမျှတမှုနဲ့ တာဝန်ခံမှုရဖို့ ကြိုးစားနေသူတွေကို ကူညီပေးရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်ပဲ အားနည်းနေပါသေးတယ်”လို့ ကုလကျွမ်းကျင်သူက ထောက်ပြပါတယ်။

မြန်မာပြည်သူတွေဟာ တိုင်းပြည်မှာ ဆယ်စုနှစ်များစွာကြာရှည်နေပြီဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာမှာ လျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးတစ်ယောက်မျှ အရေးယူခံရခြင်းမရှိတဲ့အပေါ် ခံပြင်း ဒေါသထွက်နေကြတယ်လို့ မစ္စတာတွမ်အန်ဒရူးက သတိပေးပါတယ်။

မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်များစွာကြာ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားလူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခြင်းအပါအဝင် အခြားသော ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

“မြန်မာ့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား အမြောက်အမြား စုဆောင်းရရှိထားပါတယ်။ အဲဒီထဲက အများစုဟာ နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်ပါတယ်။ ဒါပေမဲ့ အခုထိ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းကတော့ လက်လှမ်းမမီနိုင်အောင် ဖြစ်နေဆဲပါပဲ”လို့ အထူးအစီရင်ခံစာတင်သွင်းသူ ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် ကြန့်ကြာနေတဲ့တရားမျှတမှုဟာ ငြင်းပယ်ခံထားရတဲ့ တရားမျှတမှုပဲလို့ မစ္စတာတွမ်အန်ဒရူးစ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူမှု ချက်ချင်းလက်ငင်းလိုအပ်နေတဲ့ အခြေအနေကို ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်မှာ မစ္စတာတွမ်အန်ဒရူးရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေအထူးအစီရင်ခံစာတင်သွင်းသူတာဝန်ဟာ ပြီးဆုံးခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ သူ့နေရာမှာ ဆက်ခံသူအဖြစ် အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက်မှာ ခန့်အပ်ခဲ့ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ ၇ ဦးမြောက်ဖြစ်လာတဲ့ အသက် ၅၇နှစ်အရွယ် မစ္စစ်ကယ်လီအန်းဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေနယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook