Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး နိုင်ငံတကာ အရေးပေါ်ကြားဝင်လုပ်ဆောင်ရန် ကုလကျွမ်းကျင်သူများ တောင်းဆို

မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၏ တု့န်ပြန်ဆောင်ရွက်မှုတွင် ‘ချဥ်းကပ်ပုံပြောင်းလဲပြင်ဆင်မှု’ အရေးပေါ်လိုအပ်နေကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

မြန်မာ့အရေး နိုင်ငံတကာ အရေးပေါ်ကြားဝင်လုပ်ဆောင်ရန် ကုလကျွမ်းကျင်သူများ တောင်းဆို
မြန်မာ့အရေး နိုင်ငံတကာ အရေးပေါ်ကြားဝင်လုပ်ဆောင်ရန် ကုလကျွမ်းကျင်သူများ တောင်းဆို

▪️နိုင်ငံတကာအသိုက်အဝန်း၏ တု့န်ပြန်ဆောင်ရွက်မှု ‘ချဥ်းကပ်ပုံပြောင်းလဲပြင်ဆင်မှု’ အရေးပေါ်လိုအပ်နေဟု ထောက်ပြ

ထားအိ/People’s Spring

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူသေဆုံးသူဦးရေ ၆,၀၀၀ ရှိလာချိန်တွင် နိုင်ငံတကာ၏ အရေးပေါ်ကြားဝင်မှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကျွမ်းကျင်သူများက တောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၆,၀၀၀ သေဆုံးခဲ့ခြင်းမှာ မြန်မာပြည်သူများအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ဆောင်ရွက်မှု ကျရှုံးနေသည်ကို ပြသနေခြင်းပင်ဖြစ်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီမှ ခန့်အပ်ထားသော ကျွမ်းကျင်သူများက ဒီဇင်ဘာ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

“ဒီကပ်ဆိုးကို နိုင်ငံတကာအသိုက်အဝန်းအာရုံစိုက်မှုအောက်သို့ ရွှေ့လိုက်ခြင်းဖြင့် စတင်ပြီး အပြောင်းအလဲတစ်ခုလုပ်ဆောင်ဖို့ အချိန်ကျရောက်ပါပြီ” ဟု ကုလကျွမ်းကျင်သူများထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၏ တု့န်ပြန်ဆောင်ရွက်မှုတွင် ‘ချဥ်းကပ်ပုံပြောင်းလဲပြင်ဆင်မှု’ အရေးပေါ်လိုအပ်နေကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

စစ်တပ်အပေါ် ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုက စစ်ကောင်စီ၏ စစ်လက်နက်ဝယ်ယူရရှိမှုအား သုံးပုံတစ်ပုံအထိ လျှော့ချနိုင်ခဲ့သော်လည်း မြန်မာပြည်သူများ လိုအပ်နေသော၊ ထိုက်တန်သော အထောက်အပံ့ပေးရန် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းအရေးယူမှုနှင့် မဟာဗျူဟာကျသော ပစ်မှတ်ထား ဆောင်ရွက်မှုများမှာ များစွာ ကင်းမဲ့နေဆဲဖြစ်ကြောင်း ကုလကျွမ်းကျင်သူများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီ စီစဥ်နေသော ရွေးကောက်ပွဲများကိုလည်း ကုလကျွမ်းကျင်သူများက ခိုင်မာစွာ ပြစ်တင်ရှုတ်ချပြီး အတုအယောင်ရွေးကောက်ပွဲ အစီအစဥ်များဟု သတ်မှတ်သည်။

အခြေခံဥပေဒေချိုးဖောက် အာဏာသိမ်းမှုတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံ အစိုးရကို ဖယ်ရှားထားချိန် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲတစ်ရပ်ကို မကျင်းပနိုင်ကြောင်းနှင့် စစ်ကောင်စီသည် တရားလက်လွတ်ဖမ်းဆီးမှု၊ ထိန်းသိမ်းချုပ်နှောင်မှု၊ လက်စဖျောက်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အတိုက်အခံခေါင်းဆောင်များအား ကွပ်မျက်မှုများအား ဆက်လက်လုပ်ဆောင်နေကြောင်း ကုလကျွမ်းကျင်သူများက ထုတ်ပြန်သည်။

အဆိုပါအခြေအနေတွင် သတင်းသမားများအနေဖြင့် အမှန်တရားကို အစီရင်ခံရန်လည်း မဖြစ်နိုင်ကြောင်းနှင့် တရားမဝင်ကြောင်း ၎င်းတို့က ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် အဆင်ခြင်မဲ့တိုက်ခိုက်မှုများဖြင့် ထောင်နှင့်ချီ အရပ်သားပြည်သူများအား သတ်ဖြတ်ခဲ့ပြီး အရပ်သားပြည်သူများ၏ နေအိမ်များ၊ အဆောက်အဦများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကုလကျွမ်းကျင်သူများက အစီရင်ခံသည်။

“များစွာသော ပြည်သူတွေဟာ သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်။ အခြားသူများကို မကွပ်မျက်မီ အတင်းအကျပ်လက်စဖျောက်တာမျိုးလုပ်ရပ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ ခေါင်းဖြတ်သတ်တာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစစီခုတ်ထစ်ပစ်တာနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်တာတွေဟာ တုန်လှုပ်ခြောက်ခြားဖွယ်ရာများဖြစ်ပါတယ်” ဟု ကျွမ်းကျင်သူများက ပြောသည်။

ယုံကြည်ရသော အစီရင်ခံစာများအရ လူပေါင်း ၂,၀၀၀ နီးပါးသည် စစ်ကြောရေးများ၌ သေဆုံးခဲ့ပြီး ဦးခေါင်းကို ပစ်သတ်ခံရသူ ၃၆၅ဦးနှင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၂၁၅ဦး ပါဝင်ကြောင်း သိရသည်။ ကုလကျွမ်းကျင်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သော ဥပဒေမဲ့သတ်ဖြတ်မှုများမှာ မည်သို့ လုပ်ရိုးလုပ်စဥ်ဖြစ်နေကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြမ်းမှု၊ လူမဆန်မှုများကိုလည်း ခွဲခြမ်းစိတ်ဖြာကာ အသေးစိတ် ဖော်ပြအစီရင်ခံသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။