သတင်း
ယနေ့(ဩဂုတ် ၈ရက်)တွင် စစ်ကောင်စီအင်အား ၇၀ခန့်က ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။
Hi, what are you looking for?
ယနေ့(ဩဂုတ် ၈ရက်)တွင် စစ်ကောင်စီအင်အား ၇၀ခန့်က ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။
လောင်းလုံး(ပကဖ)အနေဖြင့် မြို့နယ်တွင်း စစ်ရေးဖော်ဆောင်မှုများတွင် ယခုနှစ်(၂၀၂၃)ဇွန်လအထိ စစ်ဆင်ရေးပေါင်း ၄၃ ခုဖော်ဆောင်ထားရာ စစ်ကောင်စီတပ်ဘက်မှ ၅၁ ဦးသေဆုံး၍ ၇၀ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။
စခန်းမစီးနင်းမီ ကာကွယ်ရေးတပ်၏ ကင်းအဖွဲ့နှင့် ၁၅မိနစ်ကျော်ကြာ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်ရှိနိုင်ကြောင်း၊ ရဲဘော် ဂျင်ဘိီး အရှင်ဖမ်းဆီးခြင်းခံရပြီး တပ်စခန်းအား စီးနင်းခြင်းခံလိုက်ရကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို မေလ ၂၆ ရက်မှ ၂၉ ရက်အထိ စစ်ကြောင်းထိုးခဲ့သည်။ ရေလယ်ကျွန်းရှိ ကျေးရွာပေါင်း ၂၅ ရွာမှ နေအိမ်ပေါင်း ၆၅၆လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဒေသခံ ပြည်သူ ငါးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီက ယခုနောက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများအား အကျဥ်းထောင်ပြင်ပသို့ ခေါ်ထုတ်စစ်ဆေးမှုများရှိရာ မေ ၂၁ မှ ၂၄ ရက်အထိ မြင်းခြံအကျဥ်းထောင်မှ အကျဥ်းသား ၁၁ ဦးကို အပြင်သို့ခေါ်ထုတ်ညှင်းပန်းနှိပ်စက်မှုများရှိနေပြီး တစ်ဦးသေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။
ပြီးခဲ့သည့် ဧပြီ ၁၆ ရက်ကလည်း မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရာရှိ စစ်ကောင်စီတပ် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ အမှတ်(၂၁)ကိုဒေသခံကာကွယ်ရေးတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ထိုဖြစ်စဥ်၌ စစ်သား ၂ ဦးသေဆုံးပြီး ပြင်းထန်ထိခိုက်သူ၁၀ဦးထက်မနည်းရှိကာ သေဆုံးသူပိုလာနိုင်ကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီရ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။
ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးမှာနေရာတွင် ထိုးရပ်ပျက်စီးသွားကြောင်း ၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံး အခြေအနေအား ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်သည်။