Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိုးစစ် ခုခံဖို့ ရေတာရှည်ဒိုင်းကမ်ပိန်းမှာ ပြည်သူတွေပါဝင်ပေးဖို့ မြို့နယ်ပကဖ တောင်းဆို

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

(ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ‌ရေတာရှည် ပကဖ)

ဇူလိုင် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

စစ်တပ်ထိုးစစ်ကို မဟာမိတ်တွေနဲ့ ပေါင်းပြီးခုခံနေပေမဲ့ လိုအပ်ချက်တွေရှိနေတဲ့ အခြေအနေမှာ အခုလို ကမ်ပိန်း ပြုလုပ်ရတာလို့ ဆိုပါတယ်။

ရေတာရှည်ပကဖ ရဲဘော် ၁ဦးက စစ်တပ်ထိုးစစ်ကို ခုခံဖို့ မြို့နယ် ပကဖ ရဲဘော်တွေမှာ လူအင်အားရှိပေမဲ့ လက်နက်အင်အားမလုံလောက်လို့ အခြားတပ်ရင်းတွေဆီက ငှားရမ်းသုံးနေရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်မြေပြင်သွားမယ်ဆို လိုက်မယ့်ရဲဘော်တွေက များပါတယ်။ ဒါပေမဲ့ လက်နက်ရှိသလောက်ပဲ သွားခဲ့ရတာ။” လို့ ပကဖ ရဲဘော်က ပြောပါတယ်။

ရန်သူဘက်က နည်းပညာအရမ်းသာသလို ဒရုန်း၊ လက်နက်ကြီး၊ တင့်ကား၊ တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်နေတာလို့ ပြောပါတယ်။ ဆယ်စုနှစ်များစွာ တည်ဆောက်ထားတဲ့ စစ်တပ်ကို ရင်ဆိုင်ရတာ မလွယ်ကူကြောင်း၊ တိုက်ပွဲ ဖြစ်တာ တလအတွင်း ကျဆုံးထိခိုက်ရဲဘော်တွေရှိကြောင်း အသိပေးပါတယ်။

မြေပြင်မှာ ဆရာဝန်မရှိလို့ ဒရုန်း ထိခိုက်မှုကြောင့် ဖြစ်စေ၊ တိုက်ပွဲမှာ ကျည်ထိလို့ ဖြစ်စေ ဒဏ်ရာရသူတွေကို အခြား ဆရာဝန်ရှိတဲ့ဒေသကို သွားရောက်ကုသနေရပြီး မဆုံးရှုံးသင့်ဘဲ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်းရှိတယ်လို့ ရေတာရှည် ပကဖ ရဲဘော်က ပြောပါတယ်။

ကမ်ပိန်းလုပ်ဆောင်ရတာဟာ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကာကင်း၊ ကင်းပွိုင့်များအတွက် မိုင်းကွင်း၊ မိုင်းကင်းများ ဖော်ဆောင်နိုင်ရန် ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

ရေတာရှည်ပကဖက လုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်း ပြုလုပ်နေတာ ၁လကျော်ကြာပြီဖြစ်ပြီး နောက်တပတ် အကြာ ဇူလိုင် ၁၉ရက်မှာ ကမ်ပိန်း ပြီးဆုံးမှာ ဖြစ်ပါတယ်။

ကမ်ပိန်းရည်မှန်းချက် ကျပ်သိန်း ၅၀၀ သတ်မှတ်ထားတာဖြစ်ပေမဲ့ လက်ရှိမှာ ပြည့်မီခြင်းမရှိသေးလို့ ပြည်သူတွေ လာရောက်ပါဝင်ပေးဖို့ မြို့နယ် ပကဖက ဖိတ်ခေါ်တောင်းဆိုထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်အားဖြည့်လိုသူတွေအနေနဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က သဘာ၀ဘေးသင့် ပြည်သူတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ လောင်းလုံးမြို့နယ် ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပကဖက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်ကို မိုးရာသီအကုန်မှာ ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်ရင်းမြစ်နဲ့‌ မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက လူထုနွေဦးကို ‌ပြောပါတယ်။

Facebook