Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်းကစစ်စခန်းနှစ်ခုကို​ ပကဖ တိုက်ခိုက် စစ်သား၆ဦးထပ်မနည်းသေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

(စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့စစ်သုံးပစ္စည်းအချို့။ဓါတ်ပုံ-GZP)

ဩဂုတ်-၂၅၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ၁၃ ရက်နေ့၊မနက်၃နာရီခွဲအချိန်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းကကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား၆ဦး ထပ်မနည်းမျက်မြင်သေဆုံးပြီး တော်လှန်ရေး တပ် တွေဘက်က အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ် တွေကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကျေးရွာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က မြေပြင်အင်အားတွေ တိုးခဲ့သလို ရေကြောင်းကနေလည်းကုန်းတန်းကြီးရွာကို အင်အားထပ်တိုးတာလုပ်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

“သုံးဆယ်ပေ၊သဖန်းထောင့်နဲ့ ကုန်းတန်းကြီးကို တော့ အင်အားထပ်တိုးထားတယ်။ကျန်တာကတော့ ငြိမ်နေတာပဲ။အဲဒီတလောက တော့ ရေကြောင်းကနေ သင်္ဘော၂စီးတခါ ၁စီး၁ခါလာသေးတယ်။အရှေ့ မတ္တရာကားလမ်းကနေ လည်း အင်တားတိုးတာမျိုးလည်း လုပ်ခဲ့တယ်”လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်စခန်းတွေတိုက်ခိုက်ခံရတဲ့ နေမှာပဲ သဖန်းဒေါင့်ရွာကနေစစ်ကိုင်းမြို့နယ်အတွင်းကို စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့တာမို့ပြည်သူတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကိုမတ္တရာမြို့နယ်ပကဖရဲ့ ဦးဆောင်မှုနဲ့အတူ Generation Z Power (GZP)၊ချမ်းမြသာစည်မြို့နယ်ပကဖ၊ပုသိမ်ကြီးမြို့နယ်ပကဖ၊အောင် မြေသာစံမြို့နယ်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖြစ်ပါတယ်။

မတ္တရာမြို့နယ်အ​​ရှေ့ခြမ်းကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ ဇွန်လကစပြီး ၁၀၂၇ ဒုတိယလှိုင်း ​ခေါ် ရှမ်းမန်းစစ်ဆင်​ရေးနဲ့ထိုးစစ်ဆင်ပြီး စစ်စခန်း ၄၀ ​ကျော်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဒါ​ပေမယ့် စစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်ရင်း မတ္တရာမြို့နယ်ကိုပြန်ထိန်းချုပ်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။