Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ်ကတိုက်နယ်ပကဖ တာဝန်ခံစစ်အုပ်စုနဲ့ပေါင်းပြီး နောက်အခွန်ဂိတ်နေရာတွေကိုစစ်တပ်ဗုံးကြဲ

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

(​တော်လှန်​ရေးအဖွဲ့​တွေရဲ့အခွန်​ကောက်တဲ့ဂိတ် ဗုံးကြဲခံရအပြီး​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

စက်တင်ဘာ၁၅-၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

ဂုံညင်းဆိပ်တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးဟာ လောင်းကစားဝိုင်း၊တရားမဝင်လူပြန်ပေးဆွဲမှု၊လာဘ်စားမှု တွေကြောင့်တော်လှန်ရေးတပ် တွေကအရေးယူဖို့ လုပ်ချိန်မှာ လက်နက်၁၀ လက်ကျော် ၊ငွေသား၊ကားနဲ့ အတူ စက်တင်ဘာလ၁၃ ရက်နေ့ က ဇနီးဖြစ်သူနှင့်အတူ စစ်အုပ်စုထံပူး ပေါင်းသွားခဲ့တယ်လို့ ​​​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။

၎င်းတို့နှစ်ဦးစစ်အုပ်စုနဲ့ ပူးပေါင်းပြီးတဲ့နောက်မြင်းမူမြိုနယ်၊အ ရှေ့ မြောက်ခြမ်းက အခွန်ဂိတ်‌‌၃နေရာကို စစ်အုပ်စုက Gyrocopter ၃စီးနဲ့ စက်တင်ဘာလ၁၄ ရက်မှာသုံးကြိမ်တိုင်ဗုံးကြဲခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူနဲ့ ဆက်စပ်နဲ့ နေရာ တွေပေါ့။ဒီနေရာတွေကိုပဲကြဲတာ။အခွန်ဂိတ်တွေနားကြတယ်။ကင်းထောက် Scout တွေဝဲပြီး လေကြောင်းကြဲနေတာ။ဒီနေ့တော့ ငြိမ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးက စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ ကြောင့်ဒေသခံ ကျေးရွာတွေဖြစ်တဲ့ ဂုံညင်းဆိပ်၊အင်းမ၊မူးမန္တလေး၊မကျီးကန်၊ကံပြား၊‌ ရွှေကျောင်းကန် စတဲ့ ကျေးရွာက ဒေသခံ တွေလည်း ကြောက်လန့်ကာ ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။