စက်တင်ဘာ၁၅-၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က လေကြောင်းကဗုံးကြဲတာကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။
ဂုံညင်းဆိပ်တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးဟာ လောင်းကစားဝိုင်း၊တရားမဝင်လူပြန်ပေးဆွဲမှု၊လာဘ်စားမှု တွေကြောင့်တော်လှန်ရေးတပ် တွေကအရေးယူဖို့ လုပ်ချိန်မှာ လက်နက်၁၀ လက်ကျော် ၊ငွေသား၊ကားနဲ့ အတူ စက်တင်ဘာလ၁၃ ရက်နေ့ က ဇနီးဖြစ်သူနှင့်အတူ စစ်အုပ်စုထံပူး ပေါင်းသွားခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။
၎င်းတို့နှစ်ဦးစစ်အုပ်စုနဲ့ ပူးပေါင်းပြီးတဲ့နောက်မြင်းမူမြိုနယ်၊အ ရှေ့ မြောက်ခြမ်းက အခွန်ဂိတ်၃နေရာကို စစ်အုပ်စုက Gyrocopter ၃စီးနဲ့ စက်တင်ဘာလ၁၄ ရက်မှာသုံးကြိမ်တိုင်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement
“သူနဲ့ ဆက်စပ်နဲ့ နေရာ တွေပေါ့။ဒီနေရာတွေကိုပဲကြဲတာ။အခွန်ဂိတ်တွေနားကြတယ်။ကင်းထောက် Scout တွေဝဲပြီး လေကြောင်းကြဲနေတာ။ဒီနေ့တော့ ငြိမ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးက စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ ကြောင့်ဒေသခံ ကျေးရွာတွေဖြစ်တဲ့ ဂုံညင်းဆိပ်၊အင်းမ၊မူးမန္တလေး၊မကျီးကန်၊ကံပြား၊ ရွှေကျောင်းကန် စတဲ့ ကျေးရွာက ဒေသခံ တွေလည်း ကြောက်လန့်ကာ ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။

















































