သတင်း ဟားခါးလာသည့်လမ်းပိုင်းနှစ်ခုတွင် စစ်ကောင်စီတပ်နှင့် ချင်းတပ်များ တိုက်ပွဲပြင်းထန်နေ ဒေသခံကာကွယ်ရေးတပ်များကလည်း ကလေး - သိုင်းငင်းလမ်းပိုင်းအပါအဝင် ချင်းတောင်ပေါ်တက်သည့် လမ်းအားလုံးကို အများပြည်သူသွားလာခွင့် ပိတ်ထားသည်။ LuduNwayOoဧပြီ 24, 2023
သတင်း ဟားခါးကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ထပ်မံဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ဟု ချင်းတပ်ဖွဲ့ CNA ပြော စစ်ကောင်စီတပ်သည် ချင်းပြည်နယ် မင်းတပ်နယ်ကိုလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့သည်။ LuduNwayOoဧပြီ 22, 2023
သတင်း စစ်ကောင်စီတပ်အထိနာသည့် ဖလမ်း-ဟားခါးလမ်းတိုက်ပွဲအတွင်း သံချပ်ကာယာဉ်နှင့် ထောက်ပို့ယာဉ်များပျက်စီးခဲသည့် မြင်ကွင်းများ ဖော်ပြ ဟားခါးမြို့ အနီးချွန်ကျုံးရွာအရောက်တွင် ယာဉ်တန်းပါ သံချပ်ကာယာဉ် ၂စီးအပါအဝင် ယာဉ်အားလုံးကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။ LuduNwayOoဧပြီ 20, 2023
မေးမြန်းခန်း “သူတို့(ဟားခါးမှစစ်တပ်)ကတော့ အစကတည်းကိုက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ရစရာမရှိတော့လောက်အောင်ကို စိတ်ဓာတ်ကျတယ်။ တိုက်ချင်ခိုက်ချင်စိတ်ကမရှိတော့ဘူး” ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) အပါအဝင် ချင်းဒေသရှိ တော်လှန်ရေးတပ်များသည် ချင်းပြည်နယ်ဟားခါးစစ်ဗျူဟာသို့ ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်အင်အားလာရောက်ပို့ဆောင်သည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတစ်ခုလုံး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ LuduNwayOoဧပြီ 17, 2023
သတင်း ဟားခါး – ဖလမ်းကြားတိုက်ပွဲချင်းရဲဘော်များ၏စိတ်ဓာတ်နှင့် နယ်မြေကျွမ်းကျင်မှုကြောင့် စစ်ယာဉ်တန်းကိုတားဆီးနိုင်ခဲ့ဟု CNA ပြော ဟားခါင်းစစ်ဗျူဟာသို့လာသည့် ယာဉ်အစီး ၃၀ပါ ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)များက တိုက်ခိုက်ခဲ့ရာ ယာဉ်အစီး ၃၀လုံးကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဧပြီ 13, 2023
သတင်း ဟားခါးသို့ လာသည့် စစ်ကောင်စီယာဉ်တန်းပါ ယာဉ်များအားလုံးကို ဖျက်ဆီးနိုင်ကြောင်း CNA ပြော ဧပြီ ၁၁ ရက်တွင်လည်းချင်းပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ တစ်နေ့တည်း ကား ၈ စီးသိမ်းယူနိုင်ခဲ့သည်။ထိုကြောင့် ဧပြီ ၁၁ အထိ့ကား ၁၃ စီး သိမ်းဆည်းနိုင်ပြီး တင့်ကား ၂ စီးနှင့် ကား ၁၀ စီးဝန်းကျင်သာကျန်သောယာဥ်တန်းကိုချင်းပူပေါင်းတပ်ကယနေ့ အပြင်းအထန်ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဧပြီ 13, 2023
သတင်း ဟားခါး CDF ကမြို့နယ်အတွင်းရှိ ကြံ့ဖွံ့ပါတီရုံးနှင့် ပိုင်ဆိုင်မှုများ ပြည်သူပိုင်အဖြစ်သိမ်းလိုက်ကြောင်းထုတ်ပြန် တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား ဟားခါး CDF ကောင်စီက လိုအပ်သလိုစီမံ ဆောင်ရွက်သွားမည်ဟုလည်းအသိပေးထုတ်ပြန်ခဲ့သည်။ LuduNwayOoဧပြီ 12, 2023
သတင်း ဖလမ်း-ဟားခါးလမ်းတိုက်ပွဲစစ်ကားတန်းမှကား ၈ စီးယနေ့ထပ်မံရရှိ၊ ချင်းပူးပေါင်းတပ်ကစုစုပေါင်းကား ၁၃ စီးသိမ်းဆည်း စစ်ကောင်စီယာဉ်တန်းသည် ဟားခါးမြို့နယ်ရှိ ချွန်ကျုံးရွာအဝင်ရှိ ပြည်သူလူထုနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။ LuduNwayOoဧပြီ 12, 2023
သတင်း ဖလမ်း – ဟားခါးလမ်း စစ်ကောင်စီထောက်ပို့ယာဉ်တစ်စီးထပ်မံရ၍ ယာဉ် ၅စီးထိ သိမ်းပိုက်နိုင်ပြီဟု CNA ပြော စစ်ကောင်စီတပ်သည် အရပ်သားများ၏ ကားများကို ချောဆွဲ ပြီး စစ်ရေးအတွက် အသုံးပြုလာခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။ LuduNwayOoဧပြီ 11, 2023
သတင်း ဖလမ်း- ဟားခါးလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းမှကားနှစ်စီးကို ချင်းပူးပေါင်းတပ် ထပ်မံ သိမ်းပိုက် “ဒီကနေ့မနက် မနေ့က (ဧပြီ ၉)ည ၁၂နာရီ သန်းခေါင်ကျော်ကျော်လောက်မှာပေါ့နော် အဲဒီမှာ ကား ၂စီးကို ကျနော်တို့ ထပ်မံပြီးတော့ ရတယ်ပေါ့။ နောက်ထပ် ၂စီး ကျနော်တို့ လက်ထဲ ထပ်ရောက်တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။ LuduNwayOoဧပြီ 10, 2023