Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးလာသည့်လမ်းပိုင်းနှစ်ခုတွင် စစ်ကောင်စီတပ်နှင့် ချင်းတပ်များ တိုက်ပွဲပြင်းထန်နေ

ဒေသခံကာကွယ်ရေးတပ်များကလည်း ကလေး – သိုင်းငင်းလမ်းပိုင်းအပါအဝင် ချင်းတောင်ပေါ်တက်သည့် လမ်းအားလုံးကို အများပြည်သူသွားလာခွင့် ပိတ်ထားသည်။

(CDF တပ်သားများကို ချင်းပြည်နယ်တစ်နေရာ၌ ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mara)
(CDF တပ်သားများကို ချင်းပြည်နယ်တစ်နေရာ၌ ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mara)

ဟားခါး – ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်များသုံးရက်ကြာတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဂန့်ဂေါမြို့မှ ဟားခါးမြို့ကို စစ်အင်အားဖြည့်တင်းမည့် အင်အား ၂၀၀ခန့်ပါသည့် တပ်မ(၇၇) စစ်ကြောင်း ယာဥ်တန်းကို ချင်းတပ်များက တိုက်ခိုက်နေပြီး နှစ်ဖက်အကျအဆုံးရှိနေသည်ဟု ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။

စစ်ကောင်စီတပ်နှင့် ချင်းတပ်များကြား ဧပြီ ၂၁ ရက်က ဟားခါးမြို့နယ်၊ လယ်အွမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃ ရက်တွင် လန်သုတ်ကျေးရွာ၌ သုံးနာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“၁၅မိနစ်လောက် ဆိုင်ကယ်မောင်းရတဲ့ ခရီးကို သူတို့ (စစ်ကောင်စီတပ်)က သုံးရက်လောက် သွားနေရတယ်။ နှစ်ဖက်က အကျအဆုံးရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ တပ်မ(၇၇) ယာဥ်တန်းသည် ဟားခါး – ဂန့်ဂေါလမ်းပိုင်းပေါ်ရှိ ဘုံးဇုံကျေးရွာတွင် စခန်းချပြီး ဟားခါးမြို့ကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ အဆိုပါ စစ်ကြောင်းကို ချင်းတပ်များဖြစ်သော ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)နှင့်CDF များက စီးကြိုတိုက်ခိုက်နေခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီသည် ဟားခါးမြို့ကို စစ်အင်အားနှင့်ရိက္ခာဖြည့်တင်းရန် ဟားခါး – ဂန့်ဂေါလမ်းပိုင်းနှင့် ကလေး – တီးတိန် – ဖလမ်း – ဟားခါးလမ်းပိုင်းကို အသုံးပြုနေခြင်းဖြစ်သည်။

ဟားခါးမြို့ကို စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်ကို CNF/CNAနှင့် CDFများက စီးကြိုတိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်သည် ဟားခါးမြို့ နယ်၊ ခွန်ကျုံးရွာတွင် ရှေ့ဆက်မတိုးနိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။

အဆိုပါ ကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့(ဧပြီ ၂၃ရက်) ညက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ကလေး – တီးတိန်လမ်းပိုင်းတွင်လည်း ယနေ့ နံနက် ၈နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ CDF-CDM(စီးယင်း)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ကလေးမြို့မှ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ကို လာရောက်စဉ် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“စစ်ကောင်စီတပ်က ကလေးကနေတက်လာတဲ့ ကားတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးထားတာတွေရှိလို့ ဒီဘက်က သတိထားတိုက်နေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးတပ်များကလည်း ကလေး – သိုင်းငင်းလမ်းပိုင်းအပါအဝင် ချင်းတောင်ပေါ်တက်သည့် လမ်းအားလုံးကို အများပြည်သူသွားလာခွင့် ပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။