Connect with us

Hi, what are you looking for?

သတင်း

ဟားခါးလာသည့်လမ်းပိုင်းနှစ်ခုတွင် စစ်ကောင်စီတပ်နှင့် ချင်းတပ်များ တိုက်ပွဲပြင်းထန်နေ

ဒေသခံကာကွယ်ရေးတပ်များကလည်း ကလေး – သိုင်းငင်းလမ်းပိုင်းအပါအဝင် ချင်းတောင်ပေါ်တက်သည့် လမ်းအားလုံးကို အများပြည်သူသွားလာခွင့် ပိတ်ထားသည်။

(CDF တပ်သားများကို ချင်းပြည်နယ်တစ်နေရာ၌ ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mara)
(CDF တပ်သားများကို ချင်းပြည်နယ်တစ်နေရာ၌ ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mara)

ဟားခါး – ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်များသုံးရက်ကြာတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဂန့်ဂေါမြို့မှ ဟားခါးမြို့ကို စစ်အင်အားဖြည့်တင်းမည့် အင်အား ၂၀၀ခန့်ပါသည့် တပ်မ(၇၇) စစ်ကြောင်း ယာဥ်တန်းကို ချင်းတပ်များက တိုက်ခိုက်နေပြီး နှစ်ဖက်အကျအဆုံးရှိနေသည်ဟု ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။

စစ်ကောင်စီတပ်နှင့် ချင်းတပ်များကြား ဧပြီ ၂၁ ရက်က ဟားခါးမြို့နယ်၊ လယ်အွမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃ ရက်တွင် လန်သုတ်ကျေးရွာ၌ သုံးနာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“၁၅မိနစ်လောက် ဆိုင်ကယ်မောင်းရတဲ့ ခရီးကို သူတို့ (စစ်ကောင်စီတပ်)က သုံးရက်လောက် သွားနေရတယ်။ နှစ်ဖက်က အကျအဆုံးရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ တပ်မ(၇၇) ယာဥ်တန်းသည် ဟားခါး – ဂန့်ဂေါလမ်းပိုင်းပေါ်ရှိ ဘုံးဇုံကျေးရွာတွင် စခန်းချပြီး ဟားခါးမြို့ကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ အဆိုပါ စစ်ကြောင်းကို ချင်းတပ်များဖြစ်သော ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)နှင့်CDF များက စီးကြိုတိုက်ခိုက်နေခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီသည် ဟားခါးမြို့ကို စစ်အင်အားနှင့်ရိက္ခာဖြည့်တင်းရန် ဟားခါး – ဂန့်ဂေါလမ်းပိုင်းနှင့် ကလေး – တီးတိန် – ဖလမ်း – ဟားခါးလမ်းပိုင်းကို အသုံးပြုနေခြင်းဖြစ်သည်။

ဟားခါးမြို့ကို စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်ကို CNF/CNAနှင့် CDFများက စီးကြိုတိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်သည် ဟားခါးမြို့ နယ်၊ ခွန်ကျုံးရွာတွင် ရှေ့ဆက်မတိုးနိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။

အဆိုပါ ကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့(ဧပြီ ၂၃ရက်) ညက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ကလေး – တီးတိန်လမ်းပိုင်းတွင်လည်း ယနေ့ နံနက် ၈နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ CDF-CDM(စီးယင်း)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ကလေးမြို့မှ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ကို လာရောက်စဉ် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“စစ်ကောင်စီတပ်က ကလေးကနေတက်လာတဲ့ ကားတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးထားတာတွေရှိလို့ ဒီဘက်က သတိထားတိုက်နေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးတပ်များကလည်း ကလေး – သိုင်းငင်းလမ်းပိုင်းအပါအဝင် ချင်းတောင်ပေါ်တက်သည့် လမ်းအားလုံးကို အများပြည်သူသွားလာခွင့် ပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။