Connect with us

Hi, what are you looking for?

သတင်း

ဟားခါး CDF ကမြို့နယ်အတွင်းရှိ ကြံ့ဖွံ့ပါတီရုံးနှင့် ပိုင်ဆိုင်မှုများ ပြည်သူပိုင်အဖြစ်သိမ်းလိုက်ကြောင်းထုတ်ပြန်

တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား ဟားခါး CDF ကောင်စီက လိုအပ်သလိုစီမံ ဆောင်ရွက်သွားမည်ဟုလည်းအသိပေးထုတ်ပြန်ခဲ့သည်။

(ချင်းပြည်နယ်ရှိ ကြံ့ဖွံ့ ပါတီရုံး ။ဓါတ်ပုံ-The Chin Journal)
(ချင်းပြည်နယ်ရှိ ကြံ့ဖွံ့ ပါတီရုံး ။ဓါတ်ပုံ-The Chin Journal)

▪︎စစ်​ကောင်စီထံမှတ်ပုံတင်​သောပါတီများနှင့် စစ်​ကောင်စီ​ရွေး​ကောက်ပွဲကူညီသူများကိုလည်း ဆက်လက်အ​ရေးယူမည်ဟုသတိ​ပေး

ချင်း​ဒေသကာကွယ်​ရေးတပ်-ဟာခါး(CDF -ဟားခါး)ကောင်စီရုံးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ရုံးနှင့် ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်အဖြစ် သိမ်းလိုက်ကြောင်း ယ​နေ့ (ဧပြီ ၁၂ )အမိန့်ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်အာဏာရှင် သက်ဆိုးရှည်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ထားသော ပါတီများကို ဧပြီ ၁၁ရက်မှစ၍ မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း ဟားခါး ချင်းကာကွယ်ရေးတပ်(CDF) ကောင်စီက ယမန့်​နေ့တွင်ထုတ်ပြန်ပြီး​နောက် ယ​နေ့တွင်ကြံ့ဖွံ့ရုံးနှင့် ပိုင်ဆိုင်မှုများကိုသိမ်းဆည်း​ကြောင်းထပ်မံ​ကြေညာခြင်းဖြစ်သည်။

USDPသည် အာဏာသိမ်း စစ်ကောင်စီထံမှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်၍ ဟားခါးမြို့နယ်အတွင်းရှိ ပါတီ၏ ရုံးနှင့် အခြားပိုင်ဆိုင်မှုအားလုံးကို ယနေ့ ဧပြီ ၁၂ရက်မှစ၍ ပြည်သူပိုင်အဖြစ် သိမ်းလိုက်သည်ဟုအသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား ဟားခါး CDF ကောင်စီက လိုအပ်သလိုစီမံ ဆောင်ရွက်သွားမည်ဟုလည်းအသိပေးထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဟားခါးCDF ကထိုသို့ပြုလုပ်ခြင်းအ​ပေါ် ပြည်သူများက ပြတ်သားသည်လုပ်ရပ်ဟု သ​ဘောကျ​​ကြောင်းပြောဆို​နေကြသည်ကိုလည်း​တွေ့ရသည်။

“ အားပေးထောက်ခံတယ်။ ဆွေးနွေးစရာမရှိတဲ့ပွဲမို့ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲသာလုပ်ကြပါ” ဟု ဟားခါးCDF ထုတ်ပြန်ချက်​အောက်တွင်ဘပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။

“ ကြိုက်တယ် အဲလိုပြတ်သားတာကို ၊ ဖြစ်ကိုဖြစ်သင့်တာ၊ ရန်ငါပြတ်သားတယ်ဆိုတာဒါမျိုး” ဟု အခြားပြည်သူတစ်ဦးကလည်း​ပြောသည်။

အခြားပြည်သူတစ်ဦးကလည်း “ ကြိုဆိုတယ်ကွာ ငါတို့ဘက်ကအဲလို ရန်ငါပြတ်ဖြစ်​နေရမယ် ။စစ်ကို စစ်နဲ့တူ​အောင်တိုက်တာ ကြိုဆိုတယ်” ဟုမှတ်ချက်​ပေးသည်။

ထိုအပြင် စစ်ကောင်စီထံ မှတ်ပုံတင်သည့် ပါတီများနှင့် အာဏာရှင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သော အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဧပြီ ၁၁ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီထံ မှတ်ပုံတင်သည့် ပါတီများနှင့် အာဏာရှင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သော အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဧပြီ ၁၁ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ဟားခါး CDF ကောင်စီသည်ယခုနှစ်ဇန်နဝါရီ ၉ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း နှင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးပါဝင်ဆောင်ရွက်သူများနှင့် ပါတီ အဖွဲ့အစည်းများကို ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၂ရက်က တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ CDF-Hakha Support Team of Nort America က ထုတ်ပြန်ထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ဟားခါးမြို့အနီးတောတောင်ဒေသတွေကိုဒီက​နေ့ကစပြီး သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

မင်းတပ်လို့ ဆိုလိုက်တာနဲ့အာဏာသိမ်းစစ်တပ်ကို ဒေသခံတွေကရိုးရာတူမီးသေနတ်တွေနဲ့ ပထမဆုံးတော်လှန်ခဲ့သလို ၊တူမီးသေနတ်တွေနဲ့ စစ်တပ်ယာဥ်တန်း​တွေပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ​တွေကို မျက်လုံးထဲပြန်မြင်လာကြမယ်ထင်ပါတယ်။

သတင်း

ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းမှ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၆၆)​ခြေလျင်တပ်ရင်းကိုချင်း​တော်လှန်​ရေးတပ်​တွေကထိုးစစ်ဆင်တိုက်ခိုက်​နေပြီးတိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့ ​ဒေသခံနဲ့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

Facebook