Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးကို စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ထပ်မံဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ဟု ချင်းတပ်ဖွဲ့ CNA ပြော

စစ်ကောင်စီတပ်သည် ချင်းပြည်နယ် မင်းတပ်နယ်ကိုလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့သည်။

(ဖလမ်း-ဟားခါးလမ်း တိုက်ပွဲအတွင်း ပျက်စီးခဲ့သော သံချပ်ကာယာဉ် ၂စီးနှင့် ထောက်ပိုယာဉ်များ၏ ဓာတ်ပုံမှတ်တမ်းများ ။ဓာတ်ပုံ - The Chin Journal)
(ဖလမ်း-ဟားခါးလမ်း တိုက်ပွဲအတွင်း ပျက်စီးခဲ့သော သံချပ်ကာယာဉ် ၂စီးနှင့် ထောက်ပိုယာဉ်များ၏ ဓာတ်ပုံမှတ်တမ်းများ ။ဓာတ်ပုံ - The Chin Journal)

လေကြောင်းတိုက်ခိုက်ခဲ့သည့်တီးတိန်နယ်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ခန့်စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

မကွေးတိုင်း ဂန့်ဂေါမြို့ဘက်မှ ဟားခါးမြို့ဘက်သို စစ်ကောင်စီတပ် စစ်ကြောင်း တက်လာ၍ ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ညပိုင်း ပြောပြသည်။

ချင်းပြည်နယ်အတွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ ယမန်နေ့ (ဧပြီ ၂၁ရက်)တွင် တီးတိန်မြို့နယ်ရှိ CNA တပ်မဟာ(၄)နယ်မြေသို့ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှု၊ ကလေးမြို့မှ ဟားခါးသို့ တက်လာသည့် စစ်ယာဉ်တန်းပျက်စီးသွားပြီးနောက် ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနေမှု၊ ဂန့်ဂေါဘက်မှ ဟားခါးသို့ တက်လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုတို့ကို ဆလိုင်းထက်နီက ရှင်းပြသည်။

“အခု အင်အား ၁၀၀ကျော်ခန့်ရှိတဲ့ဟာတွေက ဟားခါးမရောက်ခင် ကျနော်တို့နဲ့ အခုတိုက်ပွဲတွေ ဖြစ်နေတာပေါ့နော်။ ဂန့်ဂေါကနေ တက်လာတဲ့လမ်းမကြီး ဟားခါးမြို့နယ်ထဲမှာပေါ့။ ဂန့်ဂေါ – ဟားခါး ကားလမ်းပေါ်မှာလို့ ပြောရမှာပေါ့”ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

တစ်ဖက်တွင်လည်း ကလေးမြို့မှ ဟားခါးမြို့သို့ လာသည့်စစ်ယာဉ်တန်းမှ ကျန်နေသည့် စစ်ကောင်စီတပ်၊ အဆိုပါတပ်ကို စစ်ကူပေးသွားသည့် ဟားခါးမှ စစ်ကောင်စီတပ်တို့အား ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၇ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ဟားခါးမြို့သို့ သံချပ်ကာ ယာဉ် နှစ်စီးနှင့်အတူ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဧပြီ ဒုတိယ ပတ်တွင် ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီးတွင် ယာဉ်တန်း တစ်ခုလုံးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ခန့်သာ ကျန်ခဲ့သည်ဟု ဆိုသည်။

“ နောက်ဆုံးကတော့ သူတို့ကတော့ ဟားခါးကို မဝင်ဘူး။ အဲဒီနောက်ဆုံးရောက်တဲ့ရွာမှာပဲ သူတို့က ခြေကုပ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ကျနော်တို့က မြင်တယ်။ ဘာလို့လည်းဆိုတော့ဟားခါးဘက်ကနေ သူတို့ကို စစ်ကူတွေပို့ပြီး သူတို့ချိတ်ဆက်နိုင်ဖို့ ဆိုပြီး အဲဒီလိုရှိနေတယ်။ တိုက်ပွဲက ကြိုကြားကြိုကြားဖြစ်နေတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ထို့အပြင် တီးတိန်မြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေကြောင်း ၎င်းက ဆိုသည်။

“မနေ့က ၁၁နာရီ ခွဲလောက်မှာ ဂျက်ဖိုက်တာ ၂စီးလာတယ်။ အဲဒီမှာ သူတို့ ဗုံးကြဲတာ တပ်မဟာ(၄)ရဲ့ ကျနော်တို့ စခန်းကို ဗုံးကြဲတိုက်ခိုက်တာ ရဲဘော် ၂ယောက်ကျဆုံးတယ်။ ၄ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရက မစိုးရိမ်ရဘူး။ အခု တီးတိန်မြို့နယ် ကျနော်တို့ တပ်မဟာ(၄) ဂွင်ထဲမှာ ကလေးကနေ အင်အား ၁၀၀ခန့် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တက်လာတယ်။ ကျနော်တို့ စခန်းနေရာ အဲဒီဂွင်ထဲတော့ မရောက်သေးဘူးပေါ့နော်။ ဒီတော့ သူတို့က နောက်ထပ်တက်လာတဲ့ အင်အား ၁၀၀ခန့်ရှိတဲ့ စစ်ကြောင်းအတွက် သူတို့ နယ်မြေစိုးမိုးနိုင်ဖို့အတွက် ကြိုတင်ပြီး လုပ်(လေကြောင်း တိုက်ခိုက်)တာလည်းဖြစ်နိုင်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်း ရှေ့တိုးဝင်ရောက်လာပါက CNA တပ်မဟာ(၄)နယ်မြေ၌ တိုက်ခိုက်မှုဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပါက စစ်ကောင်စီတပ်က ယခင်ထက် လေကြောင်းကို ပို၍ သုံးလာနိုင်ကြောင်း ဆလိုင်းထက်နီက သုံးသပ်သည်။

“ အခုလေကြောင်း တိုက်ခိုက်တဲ့နေရာကတော့ အိန္ဒိယ နယ်စပ်လေမိုင်နဲ့ဆို လေးမိုင်လောက်ပဲဝေးတာ။ အဲဒီနေရာမှာ သူတို့ လေကြောင်း တိုက်ခိုက်မှု သူတို့လာလုပ်သွားတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ် မင်းတပ်နယ်ကိုလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။