Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း – ဟားခါးလမ်း စစ်ကောင်စီထောက်ပို့ယာဉ်တစ်စီးထပ်မံရ၍ ယာဉ် ၅စီးထိ သိမ်းပိုက်နိုင်ပြီဟု CNA ပြော

စစ်ကောင်စီတပ်သည် အရပ်သားများ၏ ကားများကို ချောဆွဲ ပြီး စစ်ရေးအတွက် အသုံးပြုလာခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

(ချင်းပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော စစ်ကောင်စီယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
(ချင်းပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော စစ်ကောင်စီယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)

▪️ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် ဆွဲမိုင်းထိ၍ ၁၀ဦးခန့် သေဆုံးဟု ခန့်မှန်း

ချင်းပြည်နယ် ဟားခါးမြို့သို့ ရိက္ခာ၊ လက်နက်၊ ခဲယမ်းလာပို့သည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ (ဧပြီ ၁၀ရက်)တွင် ယာဉ်တစ်စီး ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တင့်ကား ၂စီး အပါအဝင် ယာဉ်အစီး ၃၀ခန့်ပါသည့် စစ်ကောင်စီယာဉ်တန်းကို ဖလမ်း – ဟားခါးလမ်းပိုင်း၌ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဧပြီ ၈ရက်တွင် ယာဉ်တန်းမှယာဉ် ၂စီး၊ ဧပြီ ၁၀ရက် နံနက်အစောပိုင်း၌ ယာဉ် ၂စီးနှင့် နေ့ခင်းပိုင်းတွင် ယာဉ်တစ်စီး သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ ယာဉ်များ တိုက်ခိုက်ခံရ၍ ပျက်စီးသွားရာ ယာဉ်တန်းမှ ချန်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယမန်နေ့ (ဧပြီ ၁၀ရက်)တွင် ချင်းတပ်ဖွဲ့ ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ကား ၅စီးရယ် သူတို့ ၁၀ယောက်လောက်တော့ ဆွဲမိုင်းထိလို့ သေကြတယ်ပေါ့။ ဟားခါးမြို့နယ်ထဲမှာပဲ” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အရပ်သားများ၏ ကားများကို ချောဆွဲ ပြီး စစ်ရေးအတွက် အသုံးပြုလာခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့တွင် အဆိုပါ ဟားခါး – ဖလမ်း ကြားရှိ ရမ်ထလိုရွာ အနီးကို ယမန်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် ထိခိုက်မှုမရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဧပြီ ၆ရက်က စစ်ကောင်စီတပ်ယာဉ်တန်း ရန်ထလိုရွာသို့ ရောက်ရှိစဉ်ကလည်း ကျေးရွာအတွင်းမှ လူနေအိမ် ၁၉လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု The Chin Journal က ဖော်ပြသည်။

အဆိုပါယာဉ်တန်းသည် ဧပြီ ၁၀ရက်တွင် ဟားခါးနှင့် (၁၇)မိုင်ခန့် ဝေးသည့် ချွန်ကျုံးရွာအနီး ရောက်ရှိနေသည်ဟု ဆိုသည်။

စစ်ယာဉ်တန်းသည် မတ်လ ၇ရက်တွင် ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီးတွင် ချင်းပူးပေါင်းတပ်များ၏ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဧပြီ ၁၁ရက်အထိ ဟားခါးသို့ မရောက်သေးဘဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။