သတင်း အနန်းကွင်းဗျုဟာမကျဖို့ စစ်ကောင်စီခုခံနေ ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းပေါ် က အနန်းကွင်း ရွာ အခြေစိုက်တဲ့ဗျုဟာ စခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး သုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။ ludunwayooဩဂုတ် 24, 2024
သတင်း မြင်းခြံ နန်းမြင့်တောင်ဂိတ်၌ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ ကားထားထွက်ပြေး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ကားတစ်စီးထားခဲ့၍ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။ ludunwayooဩဂုတ် 24, 2024
သတင်း ဆားလင်းကြီးတွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ကလေးငယ်တစ်ဦး ခြေတစ်ဖက်ဖြတ်ရ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ထိမှန်ကာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး အမျိုးသမီးတစ်ဦး လည်းထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။ ludunwayooဩဂုတ် 24, 2024
သတင်း သီပေါမြို့ပေါ် စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ် အရပ်သားတစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ TNLA ကသီပေါမြို့ကိုအရေးပေါ်အခြေအနေ ကြေငြာထားပြီး ညမထွက်ရ အမိန့်ထုတ် ludunwayooဩဂုတ် 24, 2024
သတင်း နောင်ချိုတွင် TNLAနှင့် စစ်ကောင်စီ တိုက်ပွဲသုံးနေရာဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 23, 2024
သတင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။ ludunwayooဩဂုတ် 23, 2024
သတင်း ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်များရှိနေသည့်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်များရှိနေသည့် နဂါးတွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူနှစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ludunwayooဩဂုတ် 23, 2024
သတင်း စစ်ကောင်စီက ကျိုက်ထိုတွင်သတင်းထောက်နှစ်ဦးကို သတ်ဖြတ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းသတင်းထောက် ၂၀၀ ကျော်ဖမ်းဆီးခံရ ၊ ၆၂ ဦးမှာဖမ်းဆီးချုပ်နှောင်ခံနေရဆဲ ludunwayooဩဂုတ် 23, 2024
သတင်း တိုက်ပွဲတိုင်းအောင်မြင်စေဆိုကာ စစ်ကောင်စီမန်းဝန်ကြီးချုပ်နှင့်အဖွဲ့ ဆုတောင်းပွဲပြုလုပ်နေ စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်၍ စစ်ပွဲတိုင်း အောင်မြင်စေရန်ဆိုကာ မန္တလေးစွယ်တော်၌ ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ဆုတောင်းပွဲ ဩဂုတ် ၂၂ရက်က ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 23, 2024
သတင်း မြိုင်မြို့နယ်တိုက်ပွဲ နယ်မြေရှင်းလင်းရာ စစ်ကောင်စီဗိုလ်မှူးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများထပ်တွေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့က တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိကြောင်း Earthquak People's Pefence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ludunwayooဩဂုတ် 23, 2024