Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်တွင် ရေကြီး

စစ်ကောင်စီရုံးအခြေစိုက်ရာ နေပြည်တော်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ကုန်တိုက်များအပြင် နေအိမ်အများအပြား ရေဝင်ရောက်နေ၍ ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

အင်ကြင်း/People’s Spring

စစ်ကောင်စီရုံးအခြေစိုက်ရာ နေပြည်တော်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ကုန်တိုက်များအပြင် နေအိမ်အများအပြား ရေဝင်ရောက်နေ၍ ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၄ရက်)နံနက် ၂နာရီခန့်မှစတင်ကာ နေပြည်တော်၊ ပျဥ်းမနားမြို့ရှိ ငလိုက် ချောင်းရေမြင့်တက်လာ၍ ချောင်းဘေးဝဲယာရှိ ရပ်ကွက်များမှ နေအိမ်အများ ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နေပြည်တော်ရှိ အိမ်ရာအချို့၊ သပြေကုန်းဈေးဝန်းကျင်နှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊လမ်းပိုင်းများလည်း ရေတက်နေကြောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ Ocean Center အတွင်းသို့လည်း ရေများဝင်ရောက်လာ၍ ကုန်ပစ္စည်းအများအပြား ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဟိုးတုန်းက ငါးလိုက်ချောင်း ရေကြီးလို့မီးရထားသံလမ်းလူ ကူးတံတားကျိုးလို့ ပျဥ်းမနားသူ ပျဥ်းမနားသားတွေ အသက်ဆုံးခဲ့ဖူးတဲ့ ရာဇဝင်ရှိခဲ့တယ်။ ဒါပေမဲ့ ယနေ့မနက်ရေကြီးမှုက အကြီးဆုံးလို့ကျွန်တော်ထင်တယ်။ ဘာလို့လဲဆို ဟိုတုန်းကငါးလိုက်ချောင်းကကျဥ်းတယ်။ စောက်ပိုနက်တယ်။ ခုချောင်းကစောက် မနက်ပေမဲ့ ဟိုးတုန်းက ငါးလိုက်ချောင်းထက် ကျွန်တော့်အမြင်အထင်၂ဆ ပိုကျယ်တယ်။ဒါမို့ ဒီနေ့ရေကြီးမှုက အကြီးဆုံးလို့ထင်ပါတယ်။”ဟု ပျဥ်းမနားဒေသခံတစ်ဦးက ဆိုသည်။

(ပျဥ်းမနားမြို့ ငလိုက်ချောင်းတလျှောက်ရေကြီးရေလျှံမှု ဖြစ်ပွားနေစဥ်နှင့် နေပြည်တော်ဥတ္တရသီရီမြို့နယ်ရှိ Ocean Center ရေဝင်ရောက်နေစဥ်။ ဓာတ်ပုံ-MFSD၊ CJ)

ငလိုက်ချောင်းရေမြင့်တက်လာမှုကြောင့် တံတားအချို့ ယာယီပိတ်ထားကြောင်းလည်း သိရသည်။

“ပေါင်းလောင်းဘက်တွေ၊နေရာတော်တော်များရေဝင်ပါတယ်။ ချောင်းနံဘေးပတ်ဝန်းကျင် ရွှေ့ပြောင်းရပါတယ်။ ရေများဝင်လာလို့ပါ။ ကျန်နေရာများမစိုးရိမ်ရပါဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျဥ်းမနားမြို့ရှိ ရွာကောက်၊ သာယာကုန်း(၁) ကမ်းနားလမ်း အထက်ပိုင်းနေရာများအထိ ရေဘေးဒုက္ခကြုံနေရကြောင်း၊ စဉ့်အိုးဖိုတိုက် ၉လမ်း အနီးအနားက အိမ်များလည်း နစ်မြှုပ်နေပြီး အမြင့်ပိုင်းရှိ အိမ်များ တံစက်မြိတ်အထိ နစ်မြုပ်နေပြီး ရေဘေးဒုက္ခသည်အများအပြားရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

“မနေ့ကမိုးအရမ်းများလို့ဆည်ရေမထိန်းနိုင်လို့ဆည်ကနေရေလွှတ်တာ။ တခါမှဒီလောက်မများဖူးဘူး။ အဲ့နားကလူတွေမေးကြည့်တော့လည်းသူတို့လည်းအခုကပထမဆုံးပဲတဲ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခု နေပြည်တော်ရှိ ပျဉ်းမနားရေကြီးရေလျှံမှုသည် ၁၉၇၂ ဝန်းကျင်က ရေကြီး၍ မီးရထား လူကူးတံတား ကျိုးကျသည့်ပဏာမနီးပါး ကြုံနေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ငလိုက်ချောင်းသည် စစ်တောင်းမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်ပြီး ပဲခူးရိုးမ မြစ်ဖျားခံကာ နေပြည်တော်၊ ပျဉ်းမနားဒေသတွင်း၌ အနောက်မှ အရှေ့သို့ ဖြတ်သန်းစီးဆင်းနေသည်။

ယမန်နေ့ညပိုင်းက ရိုးမအပါအဝင် ‌ထိုဒေသဝန်းကျင်တဝိုက်တွင် မိုးကြီးခဲ့ပြီး ငလိုက်ချောင်း တလျှောက်ရေများကြီးနေပြီး ဒေသခံများ ရွှေ့ပြောင်းနေရသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။