Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမြို့နယ် တိုက်ပွဲ စစ်ကောင်စီအထိနာပြီး စစ်သုံ့ပမ်း ၁၀ဦး၊ လက်နက် ၃၀လက်ရဟု NUG ကာကွယ်ရေးထုတ်ပြန်

စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး နှင့် ပဲခူးရိုးမ ထိုးဖောက်ရေး အတွက်စစ်ရေးလှုပ်ရှားနေကြောင်း အသိပေး

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပမ်းများ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂၄ရက်တွင် အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂/၃/၅/၆) နှင့် တပ်ရင်း (၃၈၀၃) တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ကျော် သေဆုံးကာ စစ်သုံ့ပန်း (၁၀) ဦး ရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ အလက် ၃၀ နှင့် ကျည်ခဲယမ်းများ ရရှိခဲ့သည်ဟု ဖော်ပြသည်။

G-3 (၁၉) လက်၊ G-4 (၁) လက်၊ 40 mm (၂) လက်၊ MA-1 (၃) လက်၊ MA-3 (၂) လက်၊ MA-12 (၁) လက်၊ MA-2 (MK-11) (၁) လက်၊ ပစ္စတို MA-5 (၁) လက် တို့ သိမ်းရခဲ့ပြီး ကျည်များနှင့် ငွေကျပ် ၂၅သိန်းကျော်၊ ဖုန်း ၈လုံး သိမ်းရခဲ့ဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲအပြီးတွင် ရန်သူ့စစ်ကြောင်း အထိနာဆုတ်ခွာသွားခဲ့သည်ဟုလည်း အသိပေးထားသည်။

NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး နှင့် ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်သည်။

PDF တပ်ဖွဲ့များသည် စစ်ကိုင်းတိုင်း အင်းတော်၊ ထီးချိုင့်၊ ပင်လယ်ဘူးမြို့များ၌လည်း KIA နှင့်ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

Facebook