Connect with us

Hi, what are you looking for?

သတင်း

AAရဲ့ ထိုးစစ်ကို ခုခံဖို့ အာဆာနဲ့ စစ်ကောင်စီ ပူးပေါင်းခဲ့တယ်လို့ စစ်ကောင်စီ အရာရှိ ဝန်ခံ

အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှာ အာရက္ခ တပ်တော် (AA)ရဲ့ ထိုးစစ်တွေကို တုံ့ပြန်ဖို့အတွက် ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့ (ARSA) နဲ့ ပူးပေါင်းခဲ့ကြောင်း တပ်အရာရှိ တစ်ဦးက အတည်ပြု ဝန်ခံခဲ့ပါတယ်။

The Diplomat သတင်းဌာနကို​ဖြေကြား​ပေး​နေတဲ့ စစ်​ကောင်စီတပ်က ဗိုလ်မှူးလှိုင်ဝင်းထွန်း။ ဓါတ်ပုံ- Diplomat

အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှာ အာရက္ခ တပ်တော် (AA)ရဲ့ ထိုးစစ်တွေကို တုံ့ပြန်ဖို့အတွက် ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့ (ARSA) နဲ့ ပူးပေါင်းခဲ့ကြောင်း တပ်အရာရှိ တစ်ဦးက အတည်ပြု ဝန်ခံခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဗိုလ်မှူး လှိုင်ဝင်းထွန်းက AAကို ရင်ဆိုင်နိုင်ဖို့အတွက် စစ်ကောင်စီဟာ အာဆာနဲ့ ပူးပေါင်းတာအပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းကို ရောက်ရှိနေသူတွေ အပါအဝင် ရိုဟင်ဂျာ လူငယ် အများအပြားကိုလည်း အတင်းအကျပ် စစ်မှုထမ်းစေခဲ့တယ်လို့ The Diplomatနဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။

အာဏာသိမ်းစစ်​​ခေါင်း​ဆောင်​တွေ။ ဓါတ်ပုံ- စစ်​ကောင်စီ

စစ်ကောင်စီ လက်အောက်ခံ အမှတ် ၃၅၃ ခြေ မြန်တပ်ရင်း (ခမရ ၃၅၃)ရဲ့ ဗိုလ်မှူး လှိုင်ဝင်းထွန်းဟာ မေလ ၁၇ ရက်နေ့မှာ တခြားစစ်သား တချို့နဲ့အတူ ဘူးသီးတောင်မြို့နယ် တစ်နေရာမှာ AAရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူ့ရဲ့ ထွက်ချက်က စစ်ကောင်စီဟာ ဘူးသီးတောင်ကို ကာကွယ်ဖို့ အာဆာနဲ့ အပေးအယူ လုပ်ပြီး စစ်ရေးအရ ပူးပေါင်းမှုတွေ ရှိနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို ပိုမို ခိုင်မာ သေချာသွားစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာအစိုးရဟာ ၂၀၁၇ ခုနှစ်မှာ အာဆာကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။ အဲဒါကလည်း မြန်မာစစ်တပ် လက်အောက်ခံ နယ်စပ် စစ်စခန်းတွေနဲ့ ရဲဌာနတွေကို ၂၀၁၅ ကနေ ၂၀၁၇ အတွင်း တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့်လို့ စစ်တပ်က​ပြောခဲ့ပါတယ်။ ၂၀၁၇ ဩဂုတ်လမှာတော့ မြန်မာ စစ်တပ်က အာဆာရဲ့ အဲဒီ တိုက်ခိုက်မှုတွေကို အကြောင်းပြုပြီး နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး​​ခေါင်းစဥ်နဲ့ တုံ့ပြန်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

ရိုဟင်ဂျာ​တွေကို သတ်ဖြတ် ၊ဖမ်းဆီးအဓ္ဓပြုကျင့်၊ ​နေအိမ်​တွေကို မီးရှို့ စတဲ့နည်းမျိုးစုံနဲ့အကြမ်းဖက်ပြီး မ​နေနိုင်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်​ပြေး​အောင်ပြုလုပ်တာ​ကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံ နဲ့ စစ်​ခေါင်​ဆောင်​တွေကို ဂမ်ဘီယာနိုင်ငံက ICJ မှာတရားစွဲထားပါတယ် ။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဘူးသီးတောင်မှာ တာဝန်ချ ခံထားခဲ့ရတဲ့ လှိုင်ဝင်းထွန်းက သူ့ရဲ့ တပ်ရင်းကတော့ အာဆာနဲ့ ပူးပေါင်းတာ၊ အကြမ်းဖက် ဆိုးယုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်တာမျိုး မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အာဆာ အဖွဲ့ဝင်တွေ၊ အာဆာက အတင်းအကျပ် လူသစ်စုဆောင်းထားတဲ့ မွတ်ဆလင် တပ်သားသစ်တွေကတော့ ဘူးသီးတောင်တဝိုက် တပ်စခန်းတွေမှာ စစ်တပ်နဲ့ အတူပူးတွဲ ဖြန့်ကျက်ထားသလို ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေကို လုယက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

ARSA လက်နက်ကိုင်အဖွဲ့ ။ဓါတ်ပုံ- Diplomat

မနှစ်တုန်းက ရသေ့တောင်ကို လက်လွှတ်လိုက်ရတဲ့ အချိန်ကစလို့ စစ်ကောင်စီဟာ အာဆာနဲ့ ပူးပေါင်းဖို့ ကိစ္စကို အရှိန်မြှင့်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ရိုဟင်ဂျာ လူငယ် ၇၅၀ လောက်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတွေအဖြစ် လေ့ကျင့် သင်တန်းပေးတာ ခံခဲ့ရကြောင်း၊ အဲဒီ လူငယ်တွေဟာ ဆွေနီးမျိုးစပ်တွေကိုပါ ခေါ်ယူရင်း အနီးတဝိုက် ကျေးရွာတွေကို လုယက်တာတွေ၊ လုယက်မှုအပြီး အိမ်တွေကို မီးရှို့တာတွေ ကျူးလွန်ခဲ့ကြောင်း သိရပါတယ်။

သူဟာ စစ်တပ်က AAကို မယှဉ်သာတဲ့ အခြေအနေမှာ အာဆာနဲ့ ပူးပေါင်းနေတဲ့ ကိစ္စကို အတည်ပြုခဲ့ရုံသာ မကဘဲ စစ်ကောင်စီ တပ်တွေဟာ စိတ်ဓာတ် ကျဆင်းတဲ့ဒဏ်၊ လူထုက မထောက်ခံဘဲ မုန်းတီးတဲ့ ဒဏ်တွေကိုလည်း ခံနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် AAဟာ ရခိုင်ပြည်နယ် တစ်ခုလုံးကို အနှေးနဲ့အမြန် သိမ်းယူနိုင်လိမ့်မယ်လို့လည်း သူက ခန့်မှန်းသွားပါတယ်။

ရန်ကုန်ဇာတိဖြစ်တဲ့ လှိုင်ဝင်းထွန်းက AAနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း၊ ရခိုင်ပြည်နယ်က စစ်ပွဲတွေရဲ့ အဆုံးသတ် ကာလရောက်တဲ့အခါ သူပြန်လည် လွတ်မြောက်ခွင့် ရမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားသွားပါတယ်။

ကိုးကား- Diplomat

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။