သတင်း ထီးလင်းနယ်ထဲ လှည့်လည်နေသော စစ်ကောင်စီတပ်စစ်ကြောင်းကို YRA ကင်းထောက်အဖွဲ့ကစနိုက်ဘာနှင့် ပစ်၍ တစ်ဦးသေ "ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ"ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း ကလေးမြို့နယ်မြောက်ပိုင်းတွင်စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးရွာကိုမီးရှို့သွား စစ်ကာင်စီတပ်က ပြန်ဆုတ်ခွာသွားစဥ် အိမ် ၂၉ လုံးကို မီးရှို့သွားကြောင်းလည်း PDF(Kalay) မှ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင် အာဏာသိမ်းပြီးစစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၈၁ဦး အသက်ဆုံးရှုံးခဲ့ရ စစ်ကောင်စီတပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ်နိုဝင်ဘာလအထိ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်ပြီး မသိရသေးသည့်အချက်အလက်များ ကျန်ရှိနိုင်သည်ဟုလည်း ဖော်ပြသည်။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို ကရင်နီတပ်များ တိုက်ခိုက် တိုက်ပွဲမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နေ့လယ် ၁နာရီခန့်တွင် လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာခြင်းဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း ရွှေဘိုခရိုင်တွင် စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း မြို့နယ်လေးခုရှိ နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီး တန့်ဆည်မြို့နယ်၌လည်း ဒီဇင်ဘာ၁၂ ရက်က ပေချောင်ရွာကို မီးရှိူ့ဖျက်ဆီးရာနေအိမ်၄၃လုံး၊ နွားခြံတဲ၂၀လုံး၊ မီးဖိုချောင်၂၈လုံးနှင့် စပါးတိုက်၆လုံး၊ စုစုပေါင်း၉၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း မြိုင်နယ်တွင် စစ်ကောင်စီထုတ်ကုန် အရက်ပုလင်းများအား PDF သိမ်းဆည်းဖျက်ဆီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း ပုသိမ် – မုံရွာလမ်း၌ စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းအား ပဒေသာမိုင်းခွဲတိုက်ခိုက် ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။ LuduNwayOoဒီဇင်ဘာ 14, 2022
သတင်း TNLAနှင့် တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းနှင့် လက်နက်များရရှိမှု ဓာတ်ပုံထွက်ပေါ်လာ ယမန်နေ့ (ဒီဇင်ဘာ ၁၂ရက်)နှင့် ယနေ့တွင် မြေပြင်တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်မှတ်ရှာခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းရှိသည်ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ညပိုင်း၌ ပြောသည်။ LuduNwayOoဒီဇင်ဘာ 13, 2022
သတင်း မင်းတပ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို CDF တိုက်ခိုက် အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။ LuduNwayOoဒီဇင်ဘာ 13, 2022