Connect with us

Hi, what are you looking for?

သတင်း

သထုံမြို့မှလာသည့် စစ်ကောင်စီ​၏လက်နက်ခဲယမ်းတင်ရထား မိုင်းခွဲခံရပြီး (၉)တွဲပျက်စီး

မိုင်းဆွဲတိုက်ခိုက်ခံရသော ရထားသည် ခရီးသည်တင်ရထားတွဲများပါဝင်ခြင်းမရှိဘဲ ကုန်ပစ္စည်းအချို့နှင့် စစ်တပ်၏ လက်နက်ခဲယမ်းများတက်ဆောင်လာသည့် ရထားခရီးစဥ်တစ်ခုလည်းဖြစ်သည်။

ပျက်စီးသွားသော ရထားတွဲများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ပျက်စီးသွားသော ရထားတွဲများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

▪️မော်လမြိုင် – ရန်ကုန်ပြေးစွဲမည့် လေအိတ်ရထားခရီးစဥ် ဖျက်သိမ်း

မွန်ပြည်နယ် သထုံမြို့ဘက်မှထွက်လာသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများတင်ဆောင်လာသောရထား မိုင်းခွဲခံရပြီး တွဲ (၉)တွဲ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲခန့်က သထုံမြို့မှတဆင့် မော်လမြိုင်မြို့ဘက်သို့ထွက်လာသည့် DF – 1343 ရ ထားတွဲအား သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာ (၁)၊ တပ်ရင်း (၂)လက်အောက်ခံတပ်ဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်းမှူးတစ်ဦးက တိုင်း ရင်းသားဒေသအခြေစိုက် Salween Press မီဒီယာသို့ ဖြေကြားထားသည်။

အထက်ပါ ရထားတွဲမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင် – ရန်ကုန် လေအိတ်ရထား ည ၈ နာရီခရီးစဥ်အား ဖျက်သိမ်းလိုက်ရပြီး လက်မှတ်ဝယ်ယူထားသူများအား ငွေပြန်အမ်းမည့်အကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားက ဒီဇင်ဘာ ၁၃ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရသော ရထားသည် ခရီးသည်တင်ရထားတွဲများပါဝင်ခြင်းမရှိဘဲ ကုန်ပစ္စည်းအချို့နှင့် စစ်တပ်၏ လက်နက်ခဲယမ်းများတက်ဆောင်လာသည့် ရထားခရီးစဥ်တစ်ခုလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။