Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ် ညောင်ဟောင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းမှူးသေဟု ယောတပ်ပြော

“စခ စစ်ကြောင်းမှူးက အောင်းမြောက်ရွာဘုန်း ကြီးကျောင်းမှာဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ သိရတယ်”ဟု ယောဒေသစစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။ သို့သော် ၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

(ယောတော်လှန်ရေးတပ်(YRA)မှ ရဲဘော်များအား တွေ့ရစဥ်)
(ယောတော်လှန်ရေးတပ်(YRA)မှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း ထီးလင်းမြို့နယ် ညောင်ဟောင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူး အပါအဝင်သုံးဦးသေဆုံးကြောင်း ယောတော်လှန်ရေးတပ်(YRA)က ပြောသည်။

ထီးလင်းမြို့အထိုင်တပ်နှင့် ရွှေအောင်သာအထိုင်တပ်ရောထွေးတပ်တို့က စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့(ဒီဇင်ဘာ ၁၄ ရက်) နေ့လယ် ၂နာရီ ၁၀မိနစ်ခန့်က ညောင်ဟောင်းကျေးရွာအနီးရောက်လာစဥ် YRA(ထီးလင်း)က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မနေ့ကတည်းက ထမ်းစင်တွေနဲ့ ဆုတ်သွားတာကိုပဲ အတည်ပြုနိုင်ခဲ့သေးတာပေါ့။ဒီနေ့ ထပ်ပြီး ယုံကြည်ရတဲ့သတင်းရင်းမြစ်ကနေ စုံစမ်းတော့ စကစစစ်ကြောင်းမှူးနဲ့ နောက်နှစ်ဦး သေပြီ ဆိုတာအတည်ပြုနိုင်တယ်။ဒါကြောင့်လည်း စကစစစ်ကြောင်းက ထီးလင်းမြို့ ပေါ်ကို ဆုတ်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီ”ဟု YRA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

မြေပြင် စုံစမ်းအတည်ပြုနိုင်ခဲ့သည်ဆိုသော သေဆုံးသွားသည့် စစ်ကောင်စီစစ်ကြောင်းမှူးမှာ စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ယခုလပိုင်းအတွင်း အသစ် ပြောင်းရွှေ့လာသူဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်၏ သေဆုံးအလောင်းများကို ၎င်းတို့စစ်ကြောင်းနှင့် တပါတည်းသယ်ဆောင်ခြင်း ရှိ၊မရှိ YRAက ဆက်လက်စုံ စမ်းနေဆဲဟု ဆိုသည်။

“စခ စစ်ကြောင်းမှူးက အောင်းမြောက်ရွာဘုန်း ကြီးကျောင်းမှာဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ သိရတယ်”ဟု ယောဒေသစစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။ သို့သော် ၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိ ထီးလင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာနေသည့် စစ်ကောင်စီစစ်ကြောင်းသည် သရခါကျေးရွာသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။