Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​သောဒီချုပ်အမတ်​ဟောင်းနေအိမ်တွင်​သေနတ်ဖြင့်ပစ်သတ်ခံရပြီး​သေဆုံး

“ဦးဘိုးသိန်းကလူထုတော်လှန်ရေးအတွက်အန္တရာယ်ဗျ။စစ်ကောင်စီနဲ့ တွဲပြီး မြို့မှာ စီးပွားရေးသောင်းကျန်းနေတဲ့သူ” ဟု မောက်လိုက်မြို့ခံတစ်ဦးက ​ပြောသည်။

(တိုင်း​ဒေသကြီးလွှတ်​တော်အစည်းအ​ဝေးတက်ခဲ့စဥ်ကဦးဘိုသိန်း)

စစ်တပ်အာဏာသိမ်းမှုအ​ပေါ်ထောက်ခံပြီးစစ်ကောင်စီနှင့်ပူးပေါင်းနေသည့် မော်လိုက်မြို့နယ်မှ ဒီချုပ်ပါတီလွှတ်​တော်အမတ်ဟောင်း ဦးဘိုသိန်းသည် ၎င်း၏နေအိမ်တွင်သေနတ်​ဖြင့် ပစ်သတ်ခံရသဖြင့်​သေဆုံးသွား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဦးဘိုသိန်းသည် ဒီဇင်ဘာ ၁၃ရက်ညနေက ၎င်း၏နေအိမ်အတွင်းအမျိုးသားနှစ်ဦးကဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟုမော်လိုက်မြို့ခံအချို့ကပြောသည်။သို့​သော်ဦးဘိုသိန်းအား မည်သည့်အဖွဲ့က ​သေနတ်ဖြင့်ပစ်သွားသည်ကို မသိရသေးပေ။

“ဦးဘိုးသိန်းကလူထုတော်လှန်ရေးအတွက်အန္တရာယ်ဗျ။စစ်ကောင်စီနဲ့ တွဲပြီး မြို့မှာ စီးပွားရေးသောင်းကျန်းနေတဲ့သူ” ဟု မောက်လိုက်မြို့ခံတစ်ဦးက ​ပြောသည်။

၎င်းသည် ၂၀၁၅ ခုနှစ်​​ရွေး​ကောက်ပွဲတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ စစ်တိုင်းတိုင်းဒေသကြီးအမတ်နေရာ၌ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချူပ်ပါတီမှ နှုတ်ထွက်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေဖြင့်​ရွေး​ကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ ရှူံးနိမ့်ခဲ့သည်။

Public Service Announcement

Public Service Announcement

​​ရွေး​ကောက်ပွဲရှုံးနိမ့်ပြီး​နောက် စစ်အုပ်စုအာဏာသိမ်း​သောအခါ အာဏာသိမ်းမှုကိုထောက်ခံပြီးစစ်တပ်နှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ၏ သတင်းများအားစစ်ကောင်စီထံ​ပေးပို့ခြင်းများပြုလုပ်နေသူဖြစ်​ကြောင်း မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။