Connect with us

Hi, what are you looking for?

သတင်း

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် နှစ် ၂၀ စစ်ကောင်စီချ

ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် ဦးဘိုဘိုငယ်ကို သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်ပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် နှစ် ၂၀ စစ်ကောင်စီချ
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် နှစ် ၂၀ စစ်ကောင်စီချ

NLD အစိုးရ ရဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီး ၂ နှစ်ပြည့်ခါနီးမှာ မန္တလေး အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၃ ) ရက်က ထောင်ချလိုက်တာလို့သိရပြီး ဦးဘိုဘိုငယ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မ ၅၅ နဲ့တရားစွဲထားတာပါ။

ဒါကြောင့် ထောင်ဒဏ် နှစ် ၂၀ ချရာမှာ ဘယ်ပုဒ်မတွေ ထပ်တိုးထားလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် ဦးဘိုဘိုငယ်ကို သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်ပါတယ်။

Public Service Announcement

Public Service Announcement

ဦးဘိုဘိုငယ်ဟာ မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွေကို တိုးတက်အောင်လုပ်ဆောင်ခဲ့သူဖြစ်ပြီးအကျင့်ပျက်ခြစားတာ တိုက်ဖျက်သူလို့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အင်းစိန်ထောင်ကနေ လွတ်မြောက်သွားတဲ့ စီးပွားရေးပညာရှင် ရှောင်လ်တာနယ်က မီဒီယာကိုပြောပြပါတယ်။

အာဏာသိမ်းပြီးနောက် ဦးဘိုဘိုငယ်ကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီဟာ ဖမ်းဆီးပြီးတစ်နှစ်ကျော်ကြာချိန်မှ ဦးဘိုဘိုငယ်ကို အဂတိပုဒ်မနဲ့တရားစွဲထားတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တာပါ။

ဦးဘိုဘိုငယ်ဟာ ဗဟိုဘဏ်မှာ တာဝန်ယူချိန် နိုင်ငံသုံးငွေစီမံခန်ခွဲရေးဌာနကိုကြီးကြပ်ရသူဖြစ်ပြီး နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ ဘဏ်တွေရဲ့ ငွေလွှဲပြောင်းတာတွေကို ကြီးကြပ်မှုအားနည်းလို့ နိုင်ငံဘဏ္ဍာအခွန်ငွေ ထိခိုက်တယ်ဆိုကာ စစ်ကောင်စီက တရားစွဲထားပါတယ်။

စစ်ကောင်စီဟာ ဦးဘိုဘိုငယ်ကို အကြောင်းမရှိ အကြောင်းရှာ အမှုတပ်တာလို့ ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်းထဲကအချို့က မီဒီယာကိုအမည်မဖော်ဘဲဖြေထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။